နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Diamond Jubilee Travel Fair တွင် ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များကို ၁၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချ

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Diamond Jubilee Travel Fair တွင် ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များကို ၁၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချ
Published 20 September 2023

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် Diamond Jubilee Travel Fair အား စက် တင်ဘာ ၂၀ ရက်က Novotel Yangon Max တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Myanmar National Airline Diamond Jubilee Travel Fair တွင် ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များကို ၁၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်လက်မှတ်များအား ၁ဝရာခိုင်နှုန်းလျှော့စျေးအပြင် ပြည်တွင်းခရီး စဉ်လက်မှတ်တန်ဖိုး ဆယ်သိန်းကျပ် (သို့မဟုတ်) ပြည်ပခရီးစဉ်လက်မှတ်တန်ဖိုး ၁၅ သိန်းကျပ် အထက်ကျော်လွန်ပါက Travel Fair ရှိရာ MNA လက်ဆောင်ကောင်တာတွင် ပြုလုပ်နေသည့် ဗလာမပါ ကံစမ်းမဲအစီအစဉ်တွင်လည်း ပါဝင်နိုင်ပြီး ဆုလက်ဆောင်အနေဖြင့် Aircraft Model များနှင့် MNA Exclusive လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  Travel Fair တွင်  လေယာဉ်လက်မှတ်များကို ၁၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချသွားမည့်အပြင် ဗလာမပါ Lucky Draw အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို Authorized Agent များကလည်း ပါဝင်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ယင်းပြင် MCB Bank၊  CB Bank၊ UAB Bank နှင့် A Bank တို့လည်း ပါဝင်ခဲ့ကာ ဘဏ်နှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လက်မှတ်အရောင်းဌာနများ၊ Website နှင့် Mobile Application တို့တွင် ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကို  Exchange Rate မြန်မာကျပ် ၂၉၂၀ ဖြင့်သာ ရောင်းချပေးနေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ အသိပေးထုတ်ပြန်ချက် အရ သိရသည်။

 နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် MNA Mobile Application အား အသုံးပြုပြီး ခရီးစဉ်အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါပြု လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA Application တွင် Search flight, Book flight, Make payment, Check flight status, Manage Booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြင် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက Sole Charterer-Interconnection Travel ပူးပေါင်း၍ လာမည့်စက်တင်ဘာမှ စတင်ကာ ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ်တွင် အသွားအပြန်ခရီးစဉ်လက်မှတ်အား ၄၃၅ ဒေါ်လာမှ စတင်ရောင်းချမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့်နိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သတ်မှတ်ချက်များကို အတိအကျလိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် မိမိသွားရောက်လိုသည့် ခရီးစဉ်အချိန်ဇယားနှင့် စျေးနှုန်းများကို လေကြောင်းလိုင်းတွင် အချိန်မရွေး အလွယ်တကူ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent