Miss World Myanmar 2023 ပြိုင်ပွဲဝင်အလှမယ် ၁၄ ဦးအား မိတ်ဆက်ပွဲပြုလုပ်

Miss World Myanmar 2023 ပြိုင်ပွဲဝင်အလှမယ် ၁၄ ဦးအား မိတ်ဆက်ပွဲပြုလုပ်
Published 18 September 2023

Miss World Myanmar 2023 ပြိုင်ပွဲဝင် အလှမယ် ၁၄ ဦးအား မိတ်ဆက်ပွဲ Press Conference ကို  စက်တင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပုလဲလမ်းရှိ Real Fitness တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Beauty with a purpose ရည်ရွယ်ချက်ဖြင့်  လူမှုအကျိုးပြုပရဟိတအလုပ်များနှင့်အတူ Miss World 2023 အလှမယ်ရွေးချယ်ပွဲကြီးအတွက် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်မည့် Miss World Myanmar 2023 ရွေးချယ်ပွဲကြီး၏ ဆန်ခါတင် အလှမယ် ၁၄ ဦးကို မိတ်ဆက်အပ်နှံပွဲ အခမ်းအနားဖြစ်ကြောင်း သိရသည်။

“Beauty witn a purpose ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဒီအမျိုးသမီးလေးသည် သူရဲ့ လူ့ပတ်ဝန်းကျင်ကို  ဘယ်လောက်ထိ ဆွဲခေါ်ပေးနိုင်လဲ။ ဘယ်လောက်ထိ အကျိုးပြုပေးနိုင်လဲဆိုတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်တဲ့စိတ်ကို ရည်ရွယ်တာပါ။ နိုင်ငံတကာပြိုင်ပွဲမှာလည်း Project ကို အဓိကလုပ်ရတာပါ။  Project လို့ ပြောလိုက်တာနဲ့ တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့မရပါဘူး။ တစ်ဦးတစ်ယောက်တည်း  လုပ်လို့မရပါဘူး။ ကျွန်မတို့ Organization ဘက်ကလည်း ပံ့ပိုးကူညီပေးသွားမှာဖြစ်သလို ကျွန်မတို့နဲ့  အတူတူလက်တွဲချင်တဲ့ တခြားအဖွဲ့အစည်းတွေကလည်း ဒီအလှမယ်လေးတွေရဲ့ Project မှာ ပူးပေါင်းပါဝင်ပေးကြဖို့ ကျွန်မ ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်။ Miss World အဆင့် သတ်မှတ်ချက်သည် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း  အိမ်ထောင်မရှိသူ Single ဖြစ်ရပါမယ်။ လူမှုအကျိုးပြု အလှမယ်ပြိုင်ပွဲ ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ပတ်စ်ပို့ကိုင် ဆောင်ထားသူဖြစ်ရပါမယ်။ ဒီလိုကန့်သတ်ချက်လေးတွေ ရှိပါတယ်။ Miss World ရဲ့ ထူးခြားချက်ကတော့ Swimsuit Round မပါဝင်ပါဘူး။  နိုင်ငံတကာ သွားပြိုင်မယ့် Miss လေးအတွက် Swimsuit ဝတ်ရမှာမဟုတ်ပါဘူး။ အဲဒီအတွက် မြန်မာပြည်မှာ လုပ်မယ့်ပွဲမှာလည်း  Swimsuit Round မထည့်ထားပါဘူး။ Miss World Myanmar Organization ၏ Organizer မအိမွန်ခိုင်က  ပြောကြားသည်။

ယင်းအခမ်းအနားတွင် အထူးအစီအစဉ်အနေဖြင့် ကြွရောက်လာသည့်  Media စာနယ်ဇင်းများက အလှမယ် ၁၄ ဦးထဲမှ Media’s Choice Award ဆုနှင့် Best Dresser ဆုကို ရွေးချယ်ပေးခဲ့ရာ Contestant Number (၂) ယွန်းသိမ့်သိမ့်နွေးက နှစ်ဆုစလုံးရရှိခဲ့ကြောင်း သိရသည်။

Miss World Myanmar 2023 Final Coronation ကို လာမည့်အောက်တိုဘာ ၁ ရက်တွင် ရွှေထွဋ်တင်ကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Miss World Myanmar 2023 Winner ရရှိသည့် အလှမယ်သည် အိန္ဒိယနိုင်ငံ၌ ဒီဇင်ဘာလအတွင်းပြုလုပ်မည့် ၇၁ ကြိမ်မြောက် Miss World 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent