Jawan ရုပ်ရှင်တွင် ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်မှုအတွက် သရုပ်ဆောင်ကြေး မယူခဲ့ကြောင်း ဒီပီကာပဒူကုန်း ပြောကြား

Jawan ရုပ်ရှင်တွင် ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်မှုအတွက် သရုပ်ဆောင်ကြေး မယူခဲ့ကြောင်း ဒီပီကာပဒူကုန်း ပြောကြား
Published 18 September 2023

ဘောလိဝုဒ်အထင်ကရမင်းသမီး ဒီပီကာပဒူကုန်းက လက်ရှိ box office တွင် ဝင်ငွေပေါင်းများစွာရရှိထားသည့် Jawan ရုပ်ရှင်တွင် ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်မှုအတွက် သရုပ်ဆောင်ကြေးမယူခဲ့ကြောင်း ပြောကြားခဲ့ပြီး Jawan မင်းသားရှရွတ်ခန်းနှင့် ၎င်း၏ဆက်ဆံရေးကို ထုတ်ဖော်ပြောကြားခဲ့သည်။

The Week နှင့် အင်တာဗျူးတစ်ခုတွင် ဒီပီကာက ရှရွတ်ခန်းနှင့် ဆက်ဆံရေးသည် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးထက်ကျော်လွန်ပြီးတစ်ဦးနှင့်တစ်ဦး ကံကောင်းစေသောလူများအဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးကြားရှိ ယုံကြည်မှုနှင့်လေးစားမှုသည် တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များဖြစ်လာသည်ဟု ဒီပီကာက ထပ်မံပြောကြားခဲ့သည်။

“ကျွန်မတို့ကအချင်းချင်း ကံကောင်းစေတဲ့လလူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့အပွင့်လင်းဆုံးပြောရရင် ကံကောင်းစေတာထက်ကို ပိုပါတယ်။ ကျွန်မကရှရွတ်ခန်းရဲ့ ပျော့ကွက်ကိုသိနေတဲ့လူ အနည်းစုထဲမှာ ပါဝင်နေပါတယ်။ ယုံကြည်မှုနဲ့လေးစားမှုတွေထားကြပြီး ကံကောင်းစေတာကတော့အမှန်ပဲလို့ ကျွန်မထင်ပါတယ်”ဟု ဒီပီကာက ပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းက ဒီပီကာသည် ရှရွတ်ခန်းနှင့် Pathaan ရုပ်ရှင်တွင် အတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း Jawan တွင် ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ကာ လူအများ၏ ချီးကျူးဂုဏ်ပြုမှုကို ရရှိခဲ့သည်။

“ကျွန်မ Jawan ဒါမှမဟုတ်ရုပ်ရှင်တွေမှာ ဧည့်သရုပ်ဆောင်အဖြစ် တစ်စုံတစ်ရာပါဝင်မှုအတွက် အနုပညာကြေးမယူခဲ့ပါဘူး”ဟု ဒီပီကာက ပြောကြားခဲ့သည်။

Most Read

Most Recent