ဟောလိဝုဒ် ဆန္ဒပြမှုများကြောင့် အော်စကာဆုပေးပွဲကို နိုဝင်ဘာမှ ဇန်နဝါရီသို့ ရွှေ့ဆိုင်း

ဟောလိဝုဒ် ဆန္ဒပြမှုများကြောင့် အော်စကာဆုပေးပွဲကို နိုဝင်ဘာမှ ဇန်နဝါရီသို့ ရွှေ့ဆိုင်း
Published 11 September 2023

ဟောလိဝုဒ်တွင် လက်ရှိသရုပ်ဆောင်များနှင့် စာရေးဆရာများ၏ ဆန္ဒထုတ်ဖော်မှုများကြောင့် ဒယီးဒယိုင်ဖြစ်နေချိန်တွင် ဂုဏ်သိက္ခာရှိ သော အော်စကာဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလမှ ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲစီစဉ်သူများက စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

အော်စကာဆုပေးပွဲကိုစီစဉ်သည့် Academy of Motion Picture Arts and Sciences က အစောပိုင်းတွင် ယင်းဆုပေးပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့သော်စက်တင်ဘာ ၆ ရက်က အကယ်ဒမီသည် ရှင်းလင်းချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိဘဲ ရက်အသစ်တစ်ရက်ကို ထုတ် ပြန်ခဲ့သည်။

ဖြေရှင်းချက်တစ်စုံတစ်ရာရရှိရန် လက္ခဏာမရှိသေးသည့် ဟောလိဝုဒ်ဆန္ဒပြမှုများကြောင့် ယင်းသည် ဟောလိဝုဒ်ပြက္ခဒိန်တွင် ရွှေ့ဆိုင်းခဲ့ရသော နောက်ထပ်အခမ်းအနားကြီးတစ်ခု ဖြစ်သည်။

အော်စကာဆုပေးပွဲနှင့်တူညီသော အမ်မီဆုပေးပွဲကိုလည်း လေးလ နောက်ဆုတ်၍ ဇန်နဝါရီတွင် ကျင်းပရန်ထုတ်ပြန်ခဲ့ပြီး ယင်းဆန္ဒပြမှုသည် Gladiator နှင့် Mission: Impossible နောက်ဆက်တွဲရုပ်ရှင်များအပါအဝင် ထုတ်လုပ်မှုကြီးများကို ရပ်ဆိုင်းသွားစေပြီး “Dune: Part Two” အပါအဝင ရုပ်ရှင်အများအပြားကို ထုတ်လွှင့်ပြသမှု ရွှေ့ဆိုင်းခဲ့ရသည်။

AI နည်းပညာ၏သက်ရောက်မှုအပေါ် စိုးရိမ်နေကြပြီး လုပ်ခလစာနှင့်ပတ်သက်၍ စာရေးဆရာများနှင့် သရုပ်ဆောင်များ၏ဆန္ဒပြမှုများကြောင့် ဟောလိဝုဒ်လောကသည် လုံးဝဥဿုံ ရပ်ဆိုင်းလျက်ရှိသည်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် သရုပ်ဆောင်များနှင့် စာရေးဆရာများ၏ ဆန္ဒထုတ်ဖော်မှုသည် ဆန်ခါတင်ဆုစာရင်းဝင်သူများကို အော်စကာဆုပေးပွဲသို့ တက်ရောက်လာမှုမှ တားဆီးထားဟန်ရှိနေသည်။

ယင်းဆန္ဒထုတ်ဖော်မှုများသည် စတူဒီယိုရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများ ထုတ်လုပ်မှုများကို အဟန့်အတားဖြစ်စေခဲ့ပြီးရုပ် ရှင်ပွဲတော်များနှင့် အခြားအခမ်းအ နားများတွင် သရုပ်ဆောင်အများစု ကို ကော်ဇောနီလျှောက်လမ်းသို့လာ ရောက်မှုမှ တားမြစ်ထားခဲ့သည်။

ဘရက်ဒလေကူးပါးနှင့် အမ်မာစတုန်းကဲ့သို့ အနုပညာရှင်များသည် လူသိရှင်ကြား အလုပ်တာဝန်များမှ တားမြစ်ခံထားရသည့်အတွက် ဗင်းနစ်မြို့တွင်ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်သို့ ၎င်းတို့၏ရုပ်ရှင်ကားများအတွက် တက်ရောက်ခွင့်မရရှိပေ။

Most Read

Most Recent