မင်းသားဒန်နီမာစတာဆန် အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ

မင်းသားဒန်နီမာစတာဆန် အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ
Photo - AFP
Photo - AFP
Published 9 September 2023

“That ‘70s Show”ရုပ်သံအစီအစဉ်၏ ကြယ်ပွင့်တစ်ဦးဖြစ်သည့် မင်းသားဒန်နီ မာစတာဆန်သည် လွန်ခဲ့သည့် နှစ်၂၀ က ၎င်း၏နေအိမ်တွင် အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် စက်တင်ဘာ ၇ ရက်က ထောင်ဒဏ် နှစ် ၃၀ ထက်မနည်း ချမှတ်ခံခဲ့ရသည်။

အမေရိကန်သရုပ်ဆောင် မာစတာဆန်သည် လော့စ်အိန်ဂျလိစ် Hollywood Hills ဒေသရှိ ၎င်း၏နေအိမ်တွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း ဘာသာရေးအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်အမျိုးသမီးများကို ဆေးခပ်ပြီးနောက် အဓမ္မပြုကျင့်ခဲ့သည့်အတွက် ၎င်းကို မေလက စီရင်ချက်ချမှတ်ခဲ့သည်။

အဓမ္မမှုစီရင်ချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ကြောင်း တရားသူကြီး ချာလိန်းအိုလမ်ဒိုက ပြောကြားခဲ့ပြီး မာစတာဆန်သည် ၎င်း၏ရိုးသားမှုအတွက် ဆက်လက်ကန့်ကွက်မည့်အကြောင်း သိရှိထားသည်ဟု ဆိုသည်။

မင်းသမီး ဘီဂျိုးဖိလစ်နှင့် လက်ထပ်ခဲ့ပြီး ကိုးနှစ်အရွယ် သမီးလေးတစ်ဦးရှိသည့် မာစတာဆန်အနေဖြင့် အကျဉ်းထောင်မှလွတ်မြောက်လာသည့်အခါတွင် ၎င်း၏ကျန်ရှိ သည့်ဘဝတစ်လျှောက်လုံး လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအဖြစ် စာရင်းသွင်းရန် အမိန့်ထုတ်ထားသည်။

မာစတာဆန်သည် “That ‘70s Show” ရုပ်သံအစီအစဉ်တွင် မီလာကူးနစ်နှင့် အက်ရှ်တန်ကုချာတို့နှင့်အတူ ယင်းအစီအစဉ်တွင် စတိဗ်ဟိုင်ဒီဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများသည်။

သူသည် Netflix ၏ “The Ranch”ရုပ်ရှင်တွင် ကုချာနှင့်အတူ ထပ်မံတွဲဖက်သရုပ် ဆောင်ခဲ့သော်လည်း လော့စ်အိန်ဂျလိစ်ရဲ တပ်ဖွဲ့က ၎င်းကို အဓမ္မမှုစုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် က ယင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်ပယ်ခံခဲ့ရသည်။