၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဒေါ်လာ ၂၂၉၈ သန်းကျော်ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၂၈ သန်းကျော်တင်သွင်း

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဒေါ်လာ ၂၂၉၈ သန်းကျော်ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၂၈ သန်းကျော်တင်သွင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
Published 13 August 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဒေါ်လာ ၂၂၉၈ သန်းကျော်ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၅၂၈ သန်းကျော်တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံး လပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုဒေါ်လာ ၁၁၈၈ သန်းကျော် ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၉ ရာခိုင်နှုန်းကျော်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိ ရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ဒေါ်လာ ၉၄၈ ဒသမ ၁၅ သန်းတင်ပို့ထားသည်။ ဇူလိုင်မှ စက်တင်ဘာအထိ ဒုတိယသုုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၉၁ ဒသမ ၅၅ သန်း တင်ပို့ထားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန် ဒေါ်လာ ၉၀၆ ဒသမ ၁၇ သန်း တင်ပို့ထားသည်။ စတုတ္ထသုံးလပတ် ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ဒေါ်လာ ၁၁၈၈ ဒသမ ၆၅ သန်း တင်ပို့ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့်နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁ဝသန်း၊ စင်ကာပူမှ ဒေါ်လာ၂၆၀၄ ဒသမ ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄ သန်း၊အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ၈၅သန်း၊ ဗီယက်နမ်နိုင် ငံမှ ၅၈သန်း၊ ဂျပန်နိုင်ငံမှ ဒေါ်လာ ၃၅၂ ဒသ မ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ၂၂၇ ဒသမ ၃၂သန်းတင်သွင်းထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီလျံအထိရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈ ဒသမ ၇၅၆ သန်း ပိုမိုရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။ သွင်းကုန်တင်သွင်းမှု တွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက် ကုန် ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တော ထွက် ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ စသည်တို့ ပါဝင်ကြောင်းသိရသည်။

Most Read

Most Recent