ရေအားလျှပ်စစ်စက်ရုုံများတွင် ရေဝင်ရောက်မှုလျော့နည်းနေသဖြင့် ထိန်းညှိမောင်းနှင်ရခြင်းနှင့် သဘာဝဓာတ်ငွေ့မှာလည်း လျော့နည်းရရှိခြင်းကြောင့် လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းနေရခြင်းဖြစ်ဟုဆို

ရေအားလျှပ်စစ်စက်ရုုံများတွင် ရေဝင်ရောက်မှုလျော့နည်းနေသဖြင့် ထိန်းညှိမောင်းနှင်ရခြင်းနှင့် သဘာဝဓာတ်ငွေ့မှာလည်း လျော့နည်းရရှိခြင်းကြောင့် လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းနေရခြင်းဖြစ်ဟုဆို
လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်မည့် (Gasifier) နည်းပညာပိုင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်မည့် (Gasifier) နည်းပညာပိုင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်
Published 3 August 2023

ရေအားလျှပ်စစ်စက်ရုံများတွင် ရေဝင်ရောက်မှုလျော့နည်းနေသဖြင့် လာမည့်နွေရာသီအမီအထိ သုံးစွဲနိုင်ရန် ထိန်းညှိမောင်းနှင်ရခြင်း၊ သဘာဝဓာတ်ငွေ့မှာလည်း လျော့နည်းရရှိ၍ လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းနေရခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျန်းမာရေးအရ အနားယူသွားသည့် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က သြဂုတ် ၂ ရက်က ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်မည့် (Gasifier) နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂ရက်က ကျင်းပခဲ့ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရင်းအမြစ်မျိုးစုံမှထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် တပ်ဆင်အင်အားအနေဖြင့် ၇၁၈၁ မဂ္ဂါဝပ်ရှိသော်လည်း အမြင့်ဆုံးထုတ်လုပ်နိုင်မှုမှာ ၂၅၉၀ မဂ္ဂါဝပ်သာ ရှိသဖြင့် သုံးစွဲမှုထက် ထုတ်လုပ်မှုမှာ လျော့နည်းနေကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် တပ်ဆင်အင်အားစက်ရုံများ၏ အခြေအနေအရ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများကိုသာ အဓိကထားထုတ်လုပ်နေကြောင်း၊  ထိုသို့လျော့နည်းထုတ်လုပ်နိုင်ခြင်းမှာလည်း အယ်နီညို၏သက်ရောက်မှုအရ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ရေဝင်ရောက်မှု လျော့နည်းနည်းပါးသဖြင့် လာမည့်နွေရာသီအမီအထိ သုံးစွဲနိုင်ရန် ထိန်းညှိမောင်းနှင်ရ၍ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့မှာလည်းလျော့နည်းရရှိနေ၍ဖြစ်ကြောင်း၊ သို့ပါ၍ ၂၀၃၈ ခုနှစ်ထိ တိုးတက်ထုတ်လုပ်နိုင်ရန် နှစ်အလိုက် လိုအပ်ချက်များကို အသေးစိတ်တွက်ချက်ပြီး စီမံဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် တစ်ပိုင်တစ်နိုင် (Gasifier)မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ ဆောင်ရွက်သကဲ့သို့  Biomass မှလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဝန်ကြီးဌာနအနေဖြင့် နည်းပညာအရလည်းကောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ရောင်းချပါက ဝယ်ယူနိုင်ရန်အတွက်လည်းကောင်း၊ လိုအပ်သည်များ ကိုဖြည့်ဆည်းပေးရန် အဆင်သင့်ရှိကြောင်း၊ လောလောဆယ်တွင်လည်း မြောင်းမြတွင် လျှပ်စစ်ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေသည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားကို ဝယ်ယူရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူပြုမှာဖြစ်သည့်အတွက် Gasifier နည်းပညာပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်ဖြစ်သည့်အလျောက် ဆက်လက်ပြီးအရှိန်အဟုန်မြှင့်၍ ဆွေးနွေးပွဲများပြုလုပ်ပြီး အကျိုးဖြစ်ထွန်းစေမည့် Gasifier ဖြင့် လျှပ်စစ်ထုတ် လုပ်ခြင်းများ နည်းပညာများရရှိလာမည်ဟု မျှော်လင့်ကြောင်း၊ စံပြုပုံစံချရေးဆွဲဆောင် ရွက်ရာတွင် ၁၀၀ ကီလိုဝပ်မှ ၃၀၀ ကီလိုဝပ်အထိ အိမ်သုံး/ကျေးရွာသုံးအဖြစ်လည်းကောင်း၊ ၃၅၀ ကီလိုဝပ်အထက်အား စက်မှုသုံး/စပါးဆန်စက်သုံးနှင့် ၁ မဂ္ဂါဝပ်ကျော်ပါက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် စက်မှုလုပ်ငန်းသုံးများအဖြစ် သတ်မှတ်၍ Standard Operation Procedure (SOP)များ ရေးဆွဲဆောင်ရွက်သင့်ကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent