၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလခွဲကျော်အတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၃ သန်းနီးပါးရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော်လျော့ကျ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလခွဲကျော်အတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၃ သန်းနီးပါးရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော်လျော့ကျ
Published 1 August 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလခွဲကျော်အတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၃ သန်းနီးပါးရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ -၂၀၂၄ဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၂၂ ဒသမ ၇၅၂ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင် သစ်တောထွက်ပစ္စည်းတင်ပို့မှုသည်ဒေါ်လာ ၅၄ ဒသမ ၈၄၂ သန်းအထိရှိသည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်သွင်းပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ ဒသမ ၀၉၀ သန်း လျော့ကျခဲ့ သည်။

နှစ်အလိုက် ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၇၄ ဒသမ ၇၈၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၅၄ ဒသမ ၀၆၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၁၂၈ ဒသမ ၀၇၂ သန်း၊ ၂၀၂၁-၂၀၂၂ (Mini Budget) ကာလအတွင်း ဒေါ်လာ ၈၃ ဒသမ ၉၀၁ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်း ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂ဝေ၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန် ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်း ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊သွင်း ကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budgetr အတွင်း ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်း ကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent