အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်သစ် နူဆန်တာရာ Nusantara တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်သစ် နူဆန်တာရာ Nusantara တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်
ဂျာကာတာမှ ပြောင်းရွှေ့မည့် မြို့တော်သစ် နူဆန်တာရာမြို့မြေပုံကို တွေ့ရစဉ် (Photo: AFP)
ဂျာကာတာမှ ပြောင်းရွှေ့မည့် မြို့တော်သစ် နူဆန်တာရာမြို့မြေပုံကို တွေ့ရစဉ် (Photo: AFP)
Published 27 July 2023

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ် နူဆန်တာရာ Nusantara တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏လက်ရှိမြို့တော် ဂျာကာတာမှ မြို့တော်အသစ်ဖြစ်သော အရှေ့ကာ လီမန်တန်ရှိ နူဆန်တာရာ Nusantara မြို့တော်သို့ တရားဝင်ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်။

အဆိုပါမြို့တော်သစ်နူဆန်တာရာ Nusantara တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ရင်းနှီး မြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိသည်။

သို့ဖြစ်ရာ နူဆန်တာရာ Nusantara ရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီး မြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါစီမံကိန်းတာဝန်ရှိသူ၏ဖုန်းအမှတ် +၆၂-၂၁-၂၇၀၉၉၁၀၀၊ အီးမေးလ်လိပ်စာ [email protected] နှင့်  [email protected]  တို့သို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၂၈၈ ဒသမ ၀၅၇ သန်းရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၃၁ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံတွင် အင်ဒိုနီးရှားနိုင်ငံက နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အထိ ဒေါ်လာ၂၄၁ ဒသမ ၄၉၇ သန်း၊၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၃ ဒသမ ၁၉၀ သန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ၉ ဒသမ ၀၃၄ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၈၅၉ သန်း ၊၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ (Mini Budjet)ကာလအတွင်း ဒေါ်လာ ၀ ဒသမ ၉၅၀ သန်း၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈ ဒသမ ၅၂၇ သန်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ Minibudget ကာလအတွင်း ဒေါ်လာ ၅ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent