အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ ဒေလီသို့ တစ်ပတ်သုံးကြိမ်၊ ကိုလ်းကတ္တားသို့ တစ်ပတ်နှစ်ကြိမ်နှင့် ချန်နိုင်းသို့ တစ်ပတ်လျှင်နှစ်ကြိမ် ခရီးစဉ်များပျံသန်းနေ

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ ဒေလီသို့ တစ်ပတ်သုံးကြိမ်၊ ကိုလ်းကတ္တားသို့ တစ်ပတ်နှစ်ကြိမ်နှင့် ချန်နိုင်းသို့ တစ်ပတ်လျှင်နှစ်ကြိမ် ခရီးစဉ်များပျံသန်းနေ
Published 24 July 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က ရန်ကုန်မြို့မှနေ၍ အိန္ဒိယနိုင်ငံရှိ မြို့များဖြစ်သည့် ဒေလီသို့ တစ်ပတ်သုံးကြိမ်၊ ကိုလ်းကတ္တားသို့ တစ်ပတ်နှစ်ကြိမ်နှင့် ချန်နိုင်းသို့ တစ်ပတ်လျှင်နှစ်ကြိမ်ခရီးစဉ်များ ပျံသန်းနေကြောင်း သတင်းရရှိသည်။

(MAI) လေကြောင်းလိုင်းသည် အိန္ဒိယနိုင်ငံခရီးစဉ်များအား အမေရိကန်ဒေါ်လာ ၁၁၂ ဒေါ်လာမှ စတင်ကာ Full-Service experience, Inflight meal, 40 KG For Business Class, 30 KG For Economy Class တို့ဖြင့်ပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) သည် ရန်ကုန်-ဒေလီခရီးစဉ်အား ၁၇၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန် ကုန်-ကိုလ်းကတ္တား ခရီးစဉ်အား ၁၁၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ချန်နိုင်း ခရီးစဉ်အား ၂၄၂ ဒေါ်လာမှစ၍လည်း ကောင်း ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ခရီးစဉ်ပျံသန်းမှု ရပ်နားထားသည့် ရန်ကုန်-ဖူးခတ်ခရီးစဉ်အား သြဂုတ် ၃ ရက်မှစတင်ကာ တစ်ပတ်နှစ်ကြိမ် ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(MAI) လေကြောင်းလိုင်းသည် ရန်ကုန်- ဖူးခတ်ခရီးစဉ်အား သြဂုတ် ၃ ရက်မှ စတင်ကာ အပတ်စဉ် ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြင် (MAI) လေကြောင်းလိုင်းသည် ရန်ကုန်-ဟနွိုင်းခရီးစဉ်အား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင်လည်းကောင်း၊ ရန်ကုန်-ဟိုချီမင်းခရီးစဉ်အား အပတ်စဉ်ကြာသပတေးနှင့် စနေနေ့များတွင်လည်းကောင်း၊ ရန်ကုန်-ဆိုးလ်ခရီးစဉ်အား အပတ်စဉ် ကြာသပတေး၊ သော ကြာနှင့် တနင်္ဂနွေနေ့များတွင်လည်းကောင်း၊ ရန်ကုန်-ဒူဘိုင်းခရီးစဉ်အား အပတ်စဉ် တနင်္လာ၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင်လည်းကောင်း ပျံသန်းနေကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား အထူးလျှော့စျေးဖြင့် ရောင်းချမည့် ၀ါဆိုစျေးရောင်း ပွဲအစီအစဉ်စတင်ခဲ့ပြီး နိုင်ငံတကာခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍ဝယ်ယူနိုင်မည် သတင်းရရှိသည်။

အဆိုပါ ၀ါဆိုအထူးစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၈၅၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁၆ ရက်မှ ၂၀၂၃၊ အောက်တိုဘာ ၂၈ ထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၀ါဆိုစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာအား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်တစ်ကြောင်းစာအား ၈၂ ဒေါ်လာမှစတင်၍လည်းကောင်း၊ ယင်းပြင်အခြား ပြည်ပခရီးစဉ်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ် အားတစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၅၅ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sign Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယင်းအပြင် ဘန် ကောက် အသွားအပြန်ခရီးစဉ်အတွက် အခမဲ့  လေယာဉ်လက်မှတ် တစ်စောင်အား ကံစမ်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့မှ ဘန်ကောက်-ဒွန်မောင်းလေဆိပ်သို့ စတင်ပျံသန်းမှုအခမ်းအနားအား ဇွန် ၁၅ ရက် ထိုင်းနိုင်ငံရှိ ဒွန်မောင်းလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာခရီးစဉ် ၁၄ ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent