မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင်ပါဝင်သည့် လုပ်ငန်းများဖြစ်သည့် အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေဘူတာအသစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင်ပါဝင်သည့် လုပ်ငန်းများဖြစ်သည့် အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေဘူတာအသစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်
Published 19 July 2023

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့်လုပ်ငန်းများဖြစ်သည့် အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေဘူတာအသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားသည် အဆိုပါလုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

တင်ဒါပိတ်မည့် နေ့ရက်မှာ သြဂုတ်  ၁၇ ရက်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက အမြန်လူစီးရထား ခရီးစဉ် ၁၈ ခု၊ စာပို့ရထားခရီးစဉ် ၁၂ ခု၊ လူစီး ကုန်တင်ရထားရီးစဉ် ရှစ်ခုအပြင် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် ၃၀ စုစု ပေါင်း ရထားခရီးစဉ် ၆၈ ခုဖြင့် ရထားခရီးစဉ်များပြေးဆွဲနေကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များ အနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံ ခရီးစဉ်များ ပြေးဆွဲပေးနေကြောင်းသိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-ပုဂံ အမြန်ရထားခရီးစဉ်အား ရိုးရိုးတန်း ကျပ် ၇၂၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၄၄၀၀၊ အထက်တန်းအိပ်စင် ကျပ် ၁၉၈၀၀ ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်အား တစ်ရက်လျှင် ရထား နှစ်စီးဖြင့် ပြေးဆွဲနေပြီး အခြားခရီးစဉ်များတွင် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့်အမျှ  ရထားတွဲဆိုင်းများ ပိုဆိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်။

မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင် ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်း ပိုင်းတွင်ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်း ကြီးလမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင် လမ်းပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်းစုစုပေါင်း လူစီး ရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြန်မာ့မီးရထားက အမြန်ရထားခရီး စဉ်များ အနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပုဂံခရီး စဉ်များကို ပြေးဆွဲပေးနေကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုတွင် ဘူတာရုံများ၊ အချက်ပြစနစ်များ၊ ရထားလမ်းကူး ဂိတ်များကို တစ်ပြိုင်တည်း အဆင့်မြှင့်တင် လုပ်ဆောင်နေပြီး မီးရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Most Read

Most Recent