ဇမိမြစ်ရေတိုးလာသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တချို့ ရေဝင်ရောက်မှုရှိနေ

ဇမိမြစ်ရေတိုးလာသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တချို့ ရေဝင်ရောက်မှုရှိနေ
■ Photo - ကိုနိုင်လင်းအောင်
■ Photo - ကိုနိုင်လင်းအောင်
Published 19 July 2023
ဘိုဘိုမြင့်

ဇမိမြစ်ရေတိုးလာသည့်အတွက် ဇူလိုင်လ ၁၉ ရက် နံနက်‌အစောပိုင်းအချိန်ကစတင်ကာ ကြာအင်းဆိပ်ကြီးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တချို့ ရေဝင်ရောက်မှုရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေကျနေသည့်အတွက် ဇမိမြစ်ရေမှာ လျင်မြန်စွာတက်လာကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး "လောလောဆယ် အနိမ့်ပိုင်းရပ်ကွက် ဖြစ်တဲ့ ရပ်ကွက် (၆) အပိုင်းထဲကို ရေတွေဝင်နေတယ်။ ရေတိုးတာလည်း မြန်တယ်။ ကူညီရွေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးနေပါတယ်" ဟု ပြောကြားသည်။

ဇမိမြစ်ဖျားပိုင်းတွင် မိုးဆက်လက်ရွာသွန်းနေမည်ဆိုပါက မြစ်ရေထပ်မံတိုးလာနိုင်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent