ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင်ရှိနေဟု သိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင်ရှိနေဟု သိရ
Published 14 July 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၃၀ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၃၁ဝဝကျပ် ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်းသိရသည်။ “အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၀၀၀ ကျော်မှာ ရှိနေ ပါတယ်။ ငွေလဲကောင်တာအများစုက ဗဟိုဘဏ်စျေးနဲ့ပဲ ဖွင့်လှစ်ရောင်းချနေတာကို တွေ့ရပါတယ်”ဟု ငွေလဲကောင်တာတွင် ဒေါ်လာသွားရောက်ရောင်းချသူတစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခု နှစ် ဇူလိုင် ၁၄ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ လဲလှယ်မှု နှုန်းထား များမှာ ယူရို ၃၁၁ဝကျပ်၊ စင်ကာပူဒေါ်လာ ၂၁၆၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၆၅၅၊ ထိုင်း ဘတ် ကျပ် ၈၅.၄၀၊ တရုတ်ယွမ် ၄၁၈ ကျပ်၊ ဂျပန်ယန်း ၂၁.၂၀ ကျပ်တို့ဖြစ်ကြောင်း သိရ သည်။နိုင်ငံခြားငွေများ တရားမဝင်ရောင်း ဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံ ခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများ အရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြ ဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာ များမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့် အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ် ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြား ငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည် ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက် စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင် ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent