၂၀၂၂-၂၀၂၃ စတုတ္ထသုံးလပတ်အတွင်း ၂၀၁၇ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်သော မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်း (CPI) ၁၇၆ ဒသမ ၅၉ အထိ ဖြစ်ပေါ်

၂၀၂၂-၂၀၂၃ စတုတ္ထသုံးလပတ်အတွင်း ၂၀၁၇ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်သော မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်း (CPI) ၁၇၆ ဒသမ ၅၉ အထိ ဖြစ်ပေါ်
အခြေခံစားသောက်ကုန်များရောင်းချရာ ရန်ကုန်မြို့ရှိ စျေးတစ်ခုကို တွေ့ရစဉ်
အခြေခံစားသောက်ကုန်များရောင်းချရာ ရန်ကုန်မြို့ရှိ စျေးတစ်ခုကို တွေ့ရစဉ်
Published 12 July 2023

၂၀၂၂-၂၀၂၃ စတုတ္ထသုံးလပတ်အ တွင်း ၂၀၁၇ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်သော မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်း (CPI) ၁၇၆ ဒသမ ၅၉ အထိ ဖြစ်ပေါ်လျက်ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန် သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

၂၀၂၂-၂၀၂၃ ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအတွင်း စားသုံးသူစျေးဆနှုန်း (CPI)၁၉၉ ဒသမ ၅၀ ၊ ဒုတိယသုံးလပတ်ဖြစ်သည့် ဇူလိုင်မှ စက်တင်ဘာအထိ စားသုံးသူစျေးဆနှုန်း (CPI) ၂၂၁ ဒသမ ၇၃ ၊ တတိယသုံးလပတ်ဖြစ်သည့်  အောက်တိုဘာမှ ဒီဇင်ဘာအတွင်း စားသုံးသူ စျေးဆနှုန်း (CPI) ၂၄၄ ဒသမ ၉၄၊ စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ စားသုံးသူစျေးဆနှုန်း (CPI) ၁၇၆ ဒသမ ၅၉ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁၆၁ ဒသမ ၃၃ရှိခဲ့သည်။ ဇွန်လတွင် ၁၆၀ ဒသမ ၉၈  ရှိခဲ့ပြီး ဒီဇင်ဘာလတွင် ၁၆၂ ဒသမ ၉၄ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၇၀ ဒသမ ၁၃၊ ဇူလိုင်လတွင် ၁၇၁ ဒသမ ၆၃၊ သြဂုတ်လတွင် ၁၇၂ ဒသမ ၉၂၊ စက်တင်ဘာလတွင် ၁၇၄ ဒသမ ၉၇၊ အောက်တိုဘာလတွင် ၁၇၉ ဒသမ ၂၀၊ နိုဝင်ဘာလတွင် ၁၈၁ ဒသမ ၇၂၊ ဒီဇင်ဘာလတွင် ၁၈၃ ဒသမ ၅၁အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်  ၁၈၄ ဒသမ ၈၉၊ ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၈၆ ဒသမ ၈၂ ၊ မတ်လတွင် ၁၉၂ ဒသမ ၇၁ ၊ ဧပြီ လတွင် ၁၉၆ ဒသမ ၀၁၊ မေလတွင် ၁၉၉ ဒသမ ၃၁၊ ဇွန်လတွင် ၂၀၃ ဒသမ ၁၈ အထိ ရှိလာခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ စျေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာ အုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားခဲ့သည်။

လက်ရှိအချိန်တွင်မူ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ စားသုံးသူစျေးဆနှုန်း(CPI)ကို အချိန်ကာလအလျောက် စျေးနှုန်းပြောင်းလဲမှုနှင့် စားသုံးသူပုံစံပြောင်းလဲမှုကို တိုင်းတာနိုင်ရန် တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းတွက်ချက်ရာတွင် အဓိကအသုံးပြုသည်။

Most Read

Most Recent