၂၀၂၃ ခုနှစ် ငါးလအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၂၆၄ စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်အထိ ကုန်သေတ္တာတင်သင်္ဘောအစင်းရေ  ၅၃ စင်း  ဝင်ရောက်ခဲ့

၂၀၂၃ ခုနှစ် ငါးလအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၂၆၄ စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်အထိ ကုန်သေတ္တာတင်သင်္ဘောအစင်းရေ  ၅၃ စင်း  ဝင်ရောက်ခဲ့
Published 28 June 2023

၂၀၂၃ ခုနှစ် ငါးလအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၂၆၄ စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်အထိ ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၅၃ စင်း  ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ကုန်သေတ္တာတင်သင်္ဘော အစီးရေ ၅၆ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီတွင် သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီတွင်  ၅၁ စင်းဝင်ရောက်၍ဆိပ် ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

ရန်ကုန်ဆိပ်ကမ်းများတွင်၂၀၂၂ နိုဝင်ဘာလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၁ စင်း၊ ဒီဇင်ဘာတွင် သင်္ဘော  ၅၄ စင်း ဝင်ရောက်၍ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင်သင်္ဘောစီးရေ ၅၀၊ စက်တင်ဘာတွင်သင်္ဘော ၅၅ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင် သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ခု၏ ကုန်သေတ္တာတင် သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာ သင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ် တန် ပိုမိုကိုင်တွယ်နိုင်ခဲ့သည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ် ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်း စတင်ပြေးဆွဲခဲ့သည်။

ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMTT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီ ဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း  ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ သြဂုတ် ၂၇ ရက်က တွေ့ဆုံခဲ့ရာတွင် အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်းတာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMTT @ Kaladan Multi Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာမီ စတင်လည်ပတ် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘော များ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent