နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးတိုင်းအတွင်းရှိ စပါးတင်း ၅၀၀၀ နှင့် ဆန်တန်ချိန် ၅၀ အထက် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန် ဇွန် ၂၆ ရက် နောက်ဆုံးထားလျှောက်ထားရမည်

နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးတိုင်းအတွင်းရှိ စပါးတင်း ၅၀၀၀ နှင့် ဆန်တန်ချိန် ၅၀ အထက် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန် ဇွန် ၂၆ ရက် နောက်ဆုံးထားလျှောက်ထားရမည်
ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်ကို တွေ့ရစဉ်
ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်ကို တွေ့ရစဉ်
Published 24 June 2023

နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နှင့် မန္တလေးတိုင်းအတွင်းရှိ စပါးတင်း ၅၀၀၀ နှင့် ဆန်တန် ၅ဝအထက် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန် ဇွန် ၂၆ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဆန်စပါးစျေးကွက်တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျမှတ်ပုံတင် စာရင်းပြုစုထားနိုင်ရေး သင့်တင့်မျှတ တည်ငြိမ်သောဆန်စျေးကွက်နှင့်စျေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှနေ၍ စီစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်သော ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်း တင်ပြဆောင်ရွက်နိုင်မည့်  Online Registration စနစ် (MyRO) ကို ဆောင်ရွက်လျက် ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း မကြာမီစတင်အသုံးပြုမည်ဖြစ်ကာ သိုလှောင်ရုံများအား Digital Certificate ထုတ်ပေးနိုင်သည့်ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများ စနစ်တကျဖွံ့ ဖြိုးတိုးတက်နိုင်စေရန် စီစဉ်လျက်ရှိသည်။ သိုလှောင်မှုကို တင်ပြရမည့်သတ်မှတ်ချက်များကိုလည်း ထုတ်ပြန်ထားသည်။

ယင်းသို့ MyRO online Registration စနစ် ပြင်ဆင်တည်ဆောက်နေချိန်တွင်  စာရင်းကောက်ယူမှုလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားသည့်အနေဖြင့်  Trial Operation အဖြစ် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့ တွင် ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများ၌ သိုလှောင်မှုအခြေအနေများ စတင်ကောက်ခံစာရင်းပြုစုသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ သတ်မှတ်ပုံစံအချက်အလက်မှန်ကန်စွာ ဖြည့်သွင်းရေးသားပီး email: export@mrf.com.mm, Viber No. ၀၉၄၀၀၆၇၂၄၀ သို့ဖြစ်စေ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(ရုံးချုပ်)သို့ဖြစ်စေ ဇွန် ၂၃ ရက် နောက်ဆုံးထား၍ ပေးပို့ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သိုလှောင်ရုံ/သိုလှောင်မှုလုပ်ငန်းအလိုက် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းဇယားများနှင့် အပတ်စဉ်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းချုပ်များ ပြုစုထားရှိရန်၊ စာရင်းပြုစုခြင်း၊ သိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်နေစဉ်ကာလဖြစ်သဖြင့်  အရောင်းအဝယ်ဆိုင်ရာစာရင်းများ၊ စျေးနှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရန်၊ ကုမ္ပဏီများအနေဖြင့် မိမိတို့အား ရောင်းချပေးနေသော/မိမိတို့၏မိတ်ဖက်များဖြစ်သော ဆန်စက်/ဆန်ကုန်သည်များ၏နယ်များတွင် တည်ရှိသော သိုလှောင်မှုများကို အချက်အလက်တောင်းခံရယူပြီး ပုံစံတွင် ဖြည့်သွင်း၍ တင်ပြပေးရန်စသည်တို့ ကို  ပြင်ဆင်စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉၀၆ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၂ ရာခိုင်နှုန်း ကျော်ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရ သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ဒေါ်လာ ၉၄၈ ဒသမ ၁၅ သန်းတင်ပို့ထားသည်။ ဇူလိုင်မှ စက်တင်ဘာအထိ ဒုတိယသုုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၉၁ ဒသမ ၅၅ သန်းတင်ပို့ထားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန် ဒေါ်လာ ၉၀၆ ဒသမ ၁၇ သန်းတင်ပို့ထားသည်။

Most Read

Most Recent