အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် Sunway Medical Centre တို့အကြား ဆေးဘက်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပူးပေါင်းလုပ်ဆောင်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုး

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် Sunway Medical Centre တို့အကြား ဆေးဘက်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပူးပေါင်းလုပ်ဆောင်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုး
Published 23 June 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် မလေးရှားနိုင်ငံရှိ အကြီးဆုံးနှင့် အဆင့်မြင့်ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် Sunway Medical Centre တို့အကြား ဆေးဘက်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပူးပေါင်းလုပ်ဆောင်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားအား ဇွန် ၂၃ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း ရုံးချုပ်တွင် ကျင်းပ ခဲ့သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် Sunway Medical Centre တို့သည် ၎င်းတို့၏ ဧည့်သည်များအား ကျန်းမာရေးစောင့်ရှောက်မှု ရွေးချယ်စရာ ကဏ္ဍမျိုးစုံတွင်  ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့အစည်းနှစ်ခုလုံး၏ အားသာချက်များကို ပေါင်းစပ်ခြင်းခြင်းဖြင့် ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်း သိရသည်။    

ယင်းသို့ ပူးပေါင်းမှုမှ တစ်ဆင့်ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများကို လိုအပ်သူတစ်ဦးချင်းစီအတွက် အကျိုးကျေးဇူးအများအပြားကိုရရှိ စေမည်ဖြစ်သည်။ ယခုကဲ့သို့ ပူးပေါင်းမှုသည်  အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ ခရီးသည်များအနေဖြင့် Sunway Medical Wellness Centre ရှိ Health Screening package များအပေါ်တွင် ၁၅ ရာခိုင်နှုန်းအထိ အထူးလျှော့စျေးများကို ရရှိနိုင်မည်ဖြစ်ပြီး၊ Fertility procedures နှင့် SMILE surgery များအပေါ်တွင်လည်း အထူးလျှော့စျေးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ (MAI) နှင့် Sunway Medical Centre တို့ ပူးပေါင်းမှုကနေပြီး Sunway Medical Centre ရဲ့ ဧည့်သည်တွေ အနေနဲ့လည်း MAI နဲ့ လိုက်ပါစီးနင်းရာမှာ အထူးသီးသန့်အကျိုးခံစားခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒီအကျိုးကျေးဇူးတွေမှာ Business နဲ့  Economy အမျိုးအစား လေယာဉ်ခရီးစဉ်လက်မှတ်တွေအပေါ်မှာ ၁၀ ရာခိုင်နှုန်း အထူးလျှော့စျေး၊ အပိုခရီးဆောင်အိတ် ၁ဝကီလိုသယ်ဆောင်ခွင့်နဲ့ အထူးလျှော့စျေးခံစားခွင့်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်” ဟု Mr.Tanes Kumar(Chief Commercial  Officer of Myanmar Airways International က ပြောကြားသည်။

၂၀၂၁ခုနှစ်တွင် “အာရှ-ပစိဖိတ်ဒေသ၏ တစ်နှစ်တာအကောင်းဆုံး ဂျူရီဆေးရုံဆုနှင့် ၂၀၁၈-၂၀၁၉-၂၀၂၀ ခုနှစ်များတွင် “အာရှ-ပစိဖိတ်၏ တစ်နှစ်တာအကောင်းဆုံး ဆေးရုံဆုများရရှိထားသည့် Sunway Medical Centre သည် မလေးရှားနိုင်ငံတွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကမ္ဘာ့အဆင့်မီ မြင့်မားသော ကျန်းမာရေးဝန်ဆောင်မှုအားလုံးကို တစ်နေရာထဲတွင် ရရှိနိုင်သည့် ပုဂ္ဂလိက ဆေးရုံတစ်တစ်ခုုုဖြစ်သည်။

Sunway Medical Centre သည် ကင်ဆာစောင့်ရှောက်မှု၊ သွေးရောဂါဗေဒ၊ ရေဒီယိုနူကလစ်ကုထုံး၊ စက်ရုပ်အကူအညီခွဲစိတ်မှု၊ ရိုးတွင်းခြင်ဆီ အစားထိုးမှု၊ ကျောက်ကပ် အစားထိုးမှု၊ ကလေးနှလုံးခွဲစိတ်မှု၊ အာရုံကြောဆိုင်ရာနှင့် အာရုံကြောခွဲစိတ်မှုအစရှိသည့် ကုသမှုဝန်ဆောင်မှုများဖြင့် နာမည်ကျော်ကြားကြောင်း သိရသည်။

“ကျွန်မတို့ဆေးရုံကို ပြည်ပမှ လာရောက်ကုသတဲ့လူနာတွေက ကင်ဆာရောဂါ၊ ရောဂါ ရှာဖွေမှုလွဲမှားခြင်း ဒါမှမဟုတ် ကုသမှုမှားယွင်းနေခြင်းစတဲ့ အခြေအနေတွေနဲ့ လာရောက်ကုသသူတွေများပါတယ်။ ကျွန်မတို့ ဆေးရုံရဲ့ မျှော်မှန်းချက်က ရောဂါရှာဖွေခြင်းကနေ ကုသမှုအထိ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို ဖန်တီးသွားဖို့ဖြစ်ပါတယ်။ ကျွန်မတို့ ဆေးရုံအနေနဲ့ ပုံမှန်ဆေးစစ်မှုကို အထူးအားပေးတဲ့ ဆေးရုံတစ်ခုဖြစ်ပြီး ဆေးစစ်ခြင်း၊ ဓာတ်မှတ်ရိုက်ခြင်းစတဲ့  စစ်ဆေးမှုတွေအတွက် တစ်ယောက်ဝယ် တစ်ယောက် အပိုစနစ်ဖြင့်   All-in-one 3D2N ဆေးစစ်မှုဆိုင်ရာ ပက်ကေ့ကို စတင်ဝန်ဆောင်မှုပေးနေပါတယ်” ဟု Ms Faith Tang, Assistant Director, International Business Development က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား စဉ်ဆက်မပြတ်တိုးပွားနေသည့် ခရီးသွားလိုလားမှုများကို ဖြည့်ဆည်းပေးရန် (MAI) က ဇူလိုင် ၁၅ ရက်မှစတင်ကာ ရန်ကုန်-ကွာလာလမ်ပူ တိုက်ရိုက်လေကြောင်း ခရီးစဉ်အား အပတ်စဉ် တစ်ပတ်လျှင် ၁၁ ကြိမ်အထိ တိုးမြှင့်ပြေးဆွဲသွားမည့်အပြင် ပြည်ပနိုင်ငံများသို့ ဆေးကုသမှုခံယူရန် သွားရောက်ကြမည့် ခရီးသည်များအနေဖြင့် ခရီးစဉ်များ စီစဉ်ရာတွင် ပိုမိုအဆင်ပြေစေရန် (MAI) ၏ ခရီးစဉ်များအားလုံးတွင် ခရီးဆောင်အိတ်အပို ကီလိုသယ်ဆောင်ခွင့်နှင့် ခရီးသွားရက် ပြောင်းလဲခြင်းအတွက် အထူးလျှော့ပေါ့နှုန်းထားများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent