ရန်ကုန်စတော့အိပ်ချိန်းတွင် အဋ္ဌမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာသည့် MAEX က ဇူလိုင် ၃ ရက်တွင် ရှယ်ယာအရောင်းအဝယ်စတင်ပြုလုပ်မည်

ရန်ကုန်စတော့အိပ်ချိန်းတွင် အဋ္ဌမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာသည့် MAEX က ဇူလိုင် ၃ ရက်တွင် ရှယ်ယာအရောင်းအဝယ်စတင်ပြုလုပ်မည်
ရန်ကုန်စတော့အိပ်ချိန်းတွင် ကျင်းပသည့်ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
ရန်ကုန်စတော့အိပ်ချိန်းတွင် ကျင်းပသည့်ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
Published 22 June 2023

ရန်ကုန်စတော့အိပ်ချိန်းတွင် အဋ္ဌမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာသည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)၏  စာရင်းဝင်နေ့ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်နေ့ဖြစ်ပြီး ယင်းနေ့တွင် ကုမ္ပဏီ၏ အစုရှယ်ယာအရောင်းအဝယ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း MAEX က ဇွန် ၂၁ ရက်က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် MAEX ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ ဇွန် ၁၃ ရက်က ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိပ်ချိန်းသည်  မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Myanmar Agro Exchange Public Co.,Ltd MAEX) မှ တင်ပြလာသည့်လျှောက်လွှာများကို စိစစ်ခြင်းနှင့် စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်း လုပ်ဆောင်ပြီးနောက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ အခန်း ၄၁(ဂ)နှင့်ငွေချေးသက်သေခံ လက်မှတ်များ စာရင်းဝင်ခြင်းဆိုင်ရာလုပ် ငန်းစည်းမျဉ်းများ၊အပိုင်း(၇)နှင့်(၈)တို့နှင့်အညီ ကုမ္ပဏီအား စာရင်းဝင်ရန် ခွင့်ပြုလိုက်သည်။

MAEX ကုမ္ပဏီ၏ စာရင်းဝင်မည့် ရက် (Listing Date) အား ရင်းနှီးမြှုပ်နှံသူများအတွက် အချိန်နှင့်တပြေးညီ ထပ်မံကြေညာမည်ဖြစ်ကြောင်းနှင့် အခြေခံစျေးနှုန်း (Base Price) အား စာရင်းဝင်သည့်ရက် (Lising Date) မတိုင်မီ ရုံးဖွင့်ရက်တစ်ရက်အလိုတွင် ရန်ကုန်စတော့အိပ်ချိန်းဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်။

အရင်းအနှီးစျေးကွက်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားတစ်ခုဖြစ်ပြီး အရင်းအနှီး လိုအပ်သည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ပေါင်းကူးဆက်သွယ် ပေးခြင်းဖြစ်ကြောင်း၊ အရင်းအနှီးစျေးကွက်ကို ကောင်းစွာအသုံးချနိုင်ပါက စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် လိုအပ်သည့် အရင်းအနှီးများကို အရင်းအနှီးစျေးကွက်မှ ရယူနိုင်သကဲ့သို့ ပြည်သူလူထုအနေဖြင့် မိမိတို့၏စုဆောင်းငွေများကို အရင်းအနှီးစျေးကွက် တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများ တိုးပွားလာစေရန် ပြည်သူလူထုအတွင်း စျေးကွက်ဆိုင်ရာ အသိအမြင်၊ ဗဟုသုတ၊ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေးမှာ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်၍ ကော်မရှင်အနေဖြင့် စျေးကွက်ဆိုင်ရာအသိအမြင်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ကော်မရှင် သည် ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စျေးကွက်ကို နေ့စဉ်စောင့်ကြည့်ပြီး ကြပ်မတ်ကွပ်ကဲလျက်ရှိသည့်အပြင်  ရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေနှင့်အညီ အကာအကွယ်ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စသည်ဖြင့် ကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားထားသည်။

Most Read

Most Recent