နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်ကို ၁၇၉ ဒေါ်လာ၊ ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်အား ၃၃၇ ဒေါ်လာနှင့် ရန်ကုန်-ဘန်ကောက်အသွားအပြန်ခရီးစဉ်ကို ၁၀၄ ဒေါ်လာမှ စတင်ရောင်းချနေ

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်ကို ၁၇၉ ဒေါ်လာ၊ ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်အား ၃၃၇ ဒေါ်လာနှင့် ရန်ကုန်-ဘန်ကောက်အသွားအပြန်ခရီးစဉ်ကို ၁၀၄ ဒေါ်လာမှ စတင်ရောင်းချနေ
Published 17 June 2023

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်အသွားအပြန် ခရီးစဉ်အား ၁၇၉ဒေါ်လာ၊ ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်အား ၃၃၇ ဒေါ်လာနှင့် ရန်ကုန်-ဘန်ကောက်အသွားအပြန် ခရီးစဉ်အား ၁၀၄ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် မိမိသွားရောက်လိုသည့် ခရီးစဉ်အချိန်ဇယားနှင့် စျေးနှုန်းများအား လေကြောင်းလိုင်း Website တွင် အချိန်မရွေး အလွယ်တကူ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် ခရီးစဉ်အချိန်ဇယား ကြည့်ရှုရန် www.flymna.com/plan-atrip-flight schedule နှင့် စျေးနှုန်းကြည့်ရှုရန် www.flymna.com/bookings/Vues flight selectionaspx တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၃၃၇ မှစတင် ရောင်းချပေးနေပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် နှစ်ကြိမ် ပျံသန်းနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းပြေးဆွဲလျက်ရှိပြီး အသွားခရီးစဉ် တစ်ကြောင်းစာကို အမေရိကန် ဒေါ်လာ ၁၇၅၊ အသွားအပြန်ခရီးစဉ်အား အမေရိကန်ဒေါ်လာ ၃၃၇ မှစတင်၍ လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ခရီးသည်တွေ အဆင်ပြေစွာသွားလာနိုင်ဖို့  တစ်နေ့ တစ်ကြိမ်ပျံသန်းနေတဲ့ ရန်ကုန်-စင်ကာပူခရီးစဉ်ကို တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့တွေမှာ တစ်ရက် နှစ်ကြိမ်ပျံသန်းပေးနေပါတယ်”ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့ များတွင် ပျံသန်းနေပြီး ၁၇၉ ဒေါ်လာမှ စတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဘန်ကောက်-ရန်ကုန်ခရီးစဉ်များ ဖြစ်သည့် UB-019 နှင့် UB-020 ခရီးစဉ်များတွင် Thai Viejet လေယာဉ်များဖြင့် အစားထိုးပျံသန်းမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ် ဇွန် ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့်  ရန်ကုန်-ဘန်ကောက် UB-019 နှင့် ဘန်ကောက်-ရန်ကုန် UB-020 ခရီးစဉ်များတွင် Thai Vietjet လေယာဉ် (VZ-8701) နှင့် (VZ-8700) အသီးသီးတို့ဖြင့် အစားထိုး ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA Application တွင် Search flights, Book flight, Make payment, Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁ရခု က လေကြောင်းခရီးစဉ် ၂၁ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာ လေကြောင်း လိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁၇ ခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၁ ခုကို ပျံသန်းနေတာဖြစ်ပြီး၊ ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent