ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး၊ ကျောက်မဲနှင့် ကွတ်ခိုင်ခရိုင်အတွင်းမှ Class - A လမ်းများပေါ်ရှိ လမ်း/တံတားလုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ်ဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး၊ ကျောက်မဲနှင့် ကွတ်ခိုင်ခရိုင်အတွင်းမှ Class - A လမ်းများပေါ်ရှိ လမ်း/တံတားလုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ်ဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်
မန္တလေး-မူဆယ်လမ်းပိုင်းတွင် သွားလာနေသော ကုန်တင်ယာဉ်များကို တွေ့ရစဉ်
မန္တလေး-မူဆယ်လမ်းပိုင်းတွင် သွားလာနေသော ကုန်တင်ယာဉ်များကို တွေ့ရစဉ်
Published 14 June 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး၊ ကျောက်မဲနှင့် ကွတ်ခိုင်ခရိုင်အတွင်းမှ Class - A လမ်းများပေါ်ရှိ လမ်း/တံတားလုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သဖြင့် တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လမ်းဦးစီးဌာန ကွတ်ခိုင်ခရိုင်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် Class – A လမ်းများပေါ်ရှိ လမ်း/တံတားလုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ်ဖြင့် လုပ်ငန်းများ အပ်နှံဆောင်ရွက်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။

အိတ်ဖွင့်တင်ဒါအမှတ်စဉ်(၄/၂၀၂၃ -၂၀၂၄)အတွက် တင်ဒါလျှောက်လွှာများကို ဇွန် ၂၂ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး Pre-Bid Meeting ကို ဇွန် ၂၇ ရက် တွင် ကျင်းပမည်ဖြစ်သည်။ တင်ဒါလျှောက်လွှာများကို ဇွန် ၂၈ ရက်တွင် တင်သွင်းရမည်ဖြစ်ပြီး ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် တင်ဒါဖွင့်ပွဲကျင်းပမည်ဖြစ်သည်။ တင်ဒါများကို လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ရုံး လမ်းဦးစီးဌာန ကွတ်ခိုင်ခရိုင် ကွတ်ခိုင်မြို့တွင် စိစစ်ရွေးချယ်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ဖုန်း-၀၉၄၅၆၉၅၃၂၄ရသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လမ်းဦးစီးဌာန လားရှိုးခရိုင်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် Class – A လမ်းများပေါ်ရှိ လမ်း/တံတား လုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ်ဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။

အိတ်ဖွင့်တင်ဒါအမှတ်စဉ်(၄/၂၀၂၃ -၂၀၂၄)အတွက် တင်ဒါလျှောက်လွှာများကို ဇွန် ၂၂ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး Pre-Bid Meeting ကို ဇွန် ၂၇ ရက် တွင် ကျင်းပမည်ဖြစ်သည်။ တင်ဒါလျှောက်လွှာများကို ဇွန် ၂၈ ရက်တွင် တင်သွင်းရမည် ဖြစ်ပြီး ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် တင်ဒါဖွင့်ပွဲကျင်းပမည်ဖြစ်သည်။ တင်ဒါများကို လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ လားရှိုးမြို့တွင် စိစစ်ရွေးချယ်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို ဖုန်း-၀၈၂-၂၂၀၃၀၅၈  သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လမ်းဦးစီးဌာန ကျောက်မဲခရိုင်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် Class – A လမ်းများပေါ်ရှိ လမ်း/တံတား လုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ်ဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။

အိတ်ဖွင့်တင်ဒါအမှတ်စဉ်(၄/၂၀၂၃ -၂၀၂၄)အတွက် တင်ဒါလျှောက်လွှာများကို ဇွန် ၂၂ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး Pre-Bid Meeting ကို ဇွန် ၂၇ ရက် တွင် ကျင်းပမည်ဖြစ်သည်။ တင်ဒါလျှောက်လွှာများကို ဇွန် ၂၈ ရက်တွင် တင်သွင်းရမည်ဖြစ်ပြီး ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် တင်ဒါဖွင့်ပွဲကျင်းပ မည်ဖြစ်သည်။ တင်ဒါများကို လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး လမ်းဦးစီးဌာန ကျောက်မဲမြို့တွင် စိစစ်ရွေးချယ်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ဖုန်း-၀၈၂ - ၂၉၄၀၀၄၉သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent