BLACKPINK အဖွဲ့ဝင် ဂျင်းနီက Marvel Cinematic Universe ၏ ပထမဆုံးအာရှစူပါဟီးရိုးအဖွဲ့ဝင် ဖြစ်လာလိမ့်မည်ဟု ကောလာဟလများထွက်ပေါ်

BLACKPINK အဖွဲ့ဝင် ဂျင်းနီက Marvel Cinematic Universe ၏ ပထမဆုံးအာရှစူပါဟီးရိုးအဖွဲ့ဝင် ဖြစ်လာလိမ့်မည်ဟု ကောလာဟလများထွက်ပေါ်
Photo - Instagram
Photo - Instagram
Published 11 June 2023

HBO ၏ The Idol ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ခဲ့ပြီးနောက် တောင်ကိုရီးယားအမျိုးသမီး K-pop အဖွဲ့ BLACKPINK ၏အဖွဲ့ဝင် ဂျင်းနီက Marvel Cinematic Universe ၏ ပထမဆုံးအာရှစူပါဟီးရိုးအဖွဲ့ဝင် ဖြစ်လာလိမ့်မည်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။

Dispatch သတင်းတွင် ဂျင်းနီသည် Atlas အေးဂျင့်အဖွဲ့ဟု အမည်ပေးထားသည့် ပထမဆုံးအာရှစူပါဟီးရိုးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်ဟု ဖော်ပြထားသည်။

သူသည် Pacific Rim နှင့် ကမ္ဘာတစ်ဝန်းရှိ လူများကို ကယ်တင်နိုင်သည့် ရေခဲစွမ်းရည်ကို အသုံးပြုနိုင်သော K-pop အဆိုတော် တစ်ဦးလည်းဖြစ်သည့်အပြင် စူပါဟီးရိုးတစ်ဦးလည်းဖြစ်သည့် Luna Snow ဟု လူသိများသည့် ဆိုလ်ဟီးနေရာတွင် ပါဝင်သရုပ်ဆောင်လိမ့်မည်ဟု ဖော်ပြထားသည်။

တောင်ကိုရီးယားမှလာပြီး ကိုရီးယားနှင့် အင်္ဂလိပ်ဘာသာစကားများကို ပြောဆိုနိုင်သော Lina ဇာတ်ကောင်နေရာအတွက် ဂျင်းနီသည် အသင့်တော်ဆုံးဖြစ်သည်ဟုလည်း ဆိုသည်။

၂၀၂၀ ပြည့်နှစ်က Marvel Super War ဗီဒီယိုဂိမ်းအတွက် Luna ဇာတ်ကောင်နေရာမှ K-pop အဖွဲ့ f(x) ၏အဖွဲ့ဝင် အဆိုတော် လူနာက အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

ဂျင်းနီ၏ ယင်းဇာတ်ကောင်အတွက်သရုပ်ဆောင်မှု ကောလာဟလများသည် ဇန်နဝါရီလကတည်းက ပျံ့နှံ့နေသည်ဟု Dispatch တွင်ဖော်ပြထားသော်လည်း ပရိသတ်များကမူ ယင်းကောလာဟလများသည် ၂၀၂၂ ခုနှစ်တွင် စတင်ပျံ့နှံ့ခဲ့သည်ဟု ဆိုသည်။

Fala Chen (Shang-Chi and the Legend of the Ten Rings)၊ Claudia Kim (Avengers: Age of Ultron) နှင့် Benedict Wong(Doctor Strange) ကဲ့သို့ MCU မှ အာရှစူပါဟီးရိုးအဖွဲ့ဝင်များသည် ဂျင်းနီကို Instagram တွင် follow လုပ်ထားကြောင်း ပရိသတ်များက သတိပြုမိခဲ့ကြသည်။

Shang-Chi သရုပ်ဆောင် ဆီမူလူကလည်း လွန်ခဲ့သည့်နိုဝင်ဘာလက လော့စ်အိန်ဂျလိစ့်တွင်ပြုလုပ်သည့် BLACKPINK ၏ Born Pink ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ချစ်သူ အလစ်ဆန်ဆုနှင့် လာရောက်ခဲ့သည်။