သြဂုတ်လတွင် Twice အဖွဲ့ဝင် ဂျီဟို၏ တစ်ကိုယ်တော် ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိမည်

သြဂုတ်လတွင် Twice အဖွဲ့ဝင် ဂျီဟို၏ တစ်ကိုယ်တော် ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိမည်
Photo - Allkpop
Photo - Allkpop
Published 9 June 2023

တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီး K-pop အဖွဲ့ Twice ၏ အဖွဲ့ခေါင်းဆောင် ဂျီဟိုက တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမည့်အကြောင်း Twice အဖွဲ့၏ လူမှုမီဒီယာအကောင့်တွင် ဇွန် ၈ ရက်၌ တရားဝင်ထုတ် ပြန်ကြေညာခဲ့ပြီး ဂျီဟိုသည် နာယွန်းပြီး နောက် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိ မည့် ဒုတိယမြောက် Twice အဖွဲ့ဝင်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ယင်းကြေညာချက်ကို ဓာတ်ပုံတစ်ပုံနှင့် ထုတ်ပြန်ခဲ့ပြီး ယင်းဓာတ်ပုံ၌ ကားရှေ့မှန်တွင် ဂျီဟို၏မျက်နှာကိုမြင်တွေ့ရပြီး ၎င်း၏အပေါ်တွင် “Killing Me Good” စာတမ်းကိုဖော်ပြထားသည်။

ယင်းအယ်လ်ဘမ်သည် သြဂုတ်လတွင် ထွက်ရှိလာမည်ဖြစ်ပြီး ဂျီဟို၏အယ်လ်ဘမ်အမည်ကို ZYO’s ZONE ဟု အမည်ပေးထားကာ ခေါင်းစီးတေးသီချင်းမှာ Killing Me Good ဖြစ်သည်ဟု ယင်းပိုစ့်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းကြေညာချက်သည် ဂျီဟို၏ ပွဲဦးထွက် တစ်ကိုယ်တော်အယ်လ်ဘမ်ကို စောင့်မျှော်နေကြသည့် ပရိသတ်များကို စိတ်လှုပ်ရှားစေခဲ့သည်။

K-pop နယ်ပယ်တွင် သင်တန်းကာလအကြာဆုံး သင်တန်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဂျီဟိုသည် အသက်ရှစ်နှစ်တွင် JYP Entertainment နှင့် ပူးပေါင်းခဲ့သည်။ ၁၀ နှစ်လေ့ကျင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် Sixteen အစီအစဉ်မှတစ်ဆင့် Twice အဖွဲ့ဝင်တစ်ဦးအဖြစ် နောက်ဆုံးတွင် ပွဲဦးထွက်လာခဲ့သည်။