Jungkook ၏ ကိုယ်ပိုင်သီချင်း Still With You လူကြိုက်အများဆုံး သီချင်းများစာရင်းတွင် ထိပ်ဆုံးဖြစ်နေ

Jungkook ၏ ကိုယ်ပိုင်သီချင်း Still With You လူကြိုက်အများဆုံး သီချင်းများစာရင်းတွင် ထိပ်ဆုံးဖြစ်နေ
Photo - Allkpop
Photo - Allkpop
Published 7 June 2023

BTS အဖွဲ့ဝင် Jungkook ကိုယ်တိုင်ရေး စပ်သီဆိုထားသည့် Still With You သီချင်းက လူကြိုက်အများဆုံး တေးသီချင်းများစာရင်းတွင်  ထိပ်ဆုံးဖြစ်နေပြီး ၎င်း၏ အခြားတစ်ကိုယ်တော်သီချင်းများကလည်း အောင်မြင်လျက်ရှိသည်ဟု အမေရိကန် ဒီဂျစ်တယ် ဂီတပလက်ဖောင်းတစ်ခုဖြစ်သည့် Genius ၏လက်ခွဲ U.S. Genius Korea က ဇွန် ၆ ရက်တွင် ၎င်းတို့၏တရားဝင်အကောင့်မှ ကြေညာထားသည်။

သီချင်းက ၂၀၂၀ ခုနှစ်ကတည်းက ထွက်ထားခြင်းဖြစ်ပြီး သုံးနှစ်ခန့်ကြာပြီဖြစ်သော်လည်း Genius Korea ၏ K- R&B  စာရင်းတွင် ဗိုလ်စွဲထားလျက်ရှိသည်။

ထို့ပြင် Sound Cloud ဂီတပလက်ဖောင်း၏ Top 50 သီချင်းစာရင်း၊ ပေါ့ပ်အပိုင်းတွင် Still With You သီချင်းကပင် ထိပ်ဆုံးဖြစ်နေသည်။ထိုသီချင်းအပြင် Jungkook ၏တစ်ကိုယ်တော်သီချင်း Euphoria ကလည်း Genius Korea K-Pop စာရင်းတွင် နံပါတ် (၁)ဖြစ်ထားသည်။ ဇူလိုင်တွင် ၎င်း၏တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်မည်ဖြစ်ပြီး အင်္ဂလိပ်သီချင်းတစ်ပုဒ်ပါမည်ဆိုသည့် သတင်းများလည်း ပျံ့နေသည်။