ဂျန်းနီ၏ပွဲဦးထွက် The Idol နိုင်ငံခြားဇာတ်လမ်းတွဲ အပိုင်း (၁) ပြသပြီးရုံဖြင့်ပင် လူပြောများနေ

ဂျန်းနီ၏ပွဲဦးထွက် The Idol နိုင်ငံခြားဇာတ်လမ်းတွဲ အပိုင်း (၁) ပြသပြီးရုံဖြင့်ပင် လူပြောများနေ
Photo: KBIZoom
Photo: KBIZoom
Published 7 June 2023

Blackpink အဖွဲ့ဝင် ဂျန်းနီပါဝင်သရုပ် ဆောင်ထားသည့် ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ The Idol ၏ အပိုင်း(၁) ကို ပြသလိုက်ပြီဖြစ်ပြီး ထိုအကြောင်းကို အင်တာနက်တွင် လူပြောများနေကြသည်။

ဇွန် ၅ ရက်တွင် မြောက်အမေရိက၌ ထိုဇာတ်လမ်းတွဲကို စတင်ပြသခဲ့ပြီး  အပိုင်း(၁)တွင် ဂျန်းနီပါဝင်ရသည့်အခန်းက ၁၀ မိနစ်စာခန့်ရှိသည်။ဂျန်းနီနှင့် ယောကျ်ားလေး dancer များ သီချင်းဗီဒီယို ရိုက်ကူးနေသည့်  အခန်းဖြစ်သည်။

ပေါ့ပ်အဆိုတော်များနှင့် ဖျော်ဖြေရေးလောကအကြား ရှုပ်ထွေးသည့်ဆက်ဆံရေးကို ရိုက်ကူးထားခြင်းဖြစ်ပြီး The Weekanနှင့် လီလီရို့စ်ဒပ်(ဂျွန်နီဒပ်၏သမီး)တို့ အဓိက သရုပ်ဆောင်ထားသည်။

ဂျန်းနီက HBO ဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်ခွင့်ရသည့် ပထမဆုံးတောင်ကိုရီးယား သရုပ်ဆောင်လည်းဖြစ်သည်။

လီလီက ပေါ့ပ်စတားဂျော့စလင်းအဖြစ်၊ ဂျန်းနီက  ဂျော့စလင်း၏သူငယ်ချင်း၊ dancer ဒိုင်ယန်အဖြစ် မြင်ရသည်။ အပိုင်းရေစုစုပေါင်း ခြောက်ပိုင်းပါဝင်သည်။

ပြီးခဲ့သည့် ကိန်းနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် The Idol ကို  မိတ်ဆက်ပြသခွင့်ရခဲ့ပြီး ပွဲတော်တက်ရောက်လာသူများက ငါးမိနစ်ခန့်ကြာ မတ်တပ်ရပ် လက်ခုပ်သြဘာများလည်း ပေးခဲ့ကြသည်။ကနေဒါပေါ့ပ်အဆိုတော် The Weeknd က ပူးတွဲထုတ်လုပ်သူလည်းဖြစ်ပြီး Euphoria ဇာတ်လမ်းတွဲရိုက်ကူးသူ ဆမ်လက်ဗင်ဆင်၏ လက်ရာဖြစ်သည်။

သို့သော် အဖော်အချွတ်ဇာတ်ဝင်ခန်း များစွာပါနေမှုကြောင့် ဝေဖန်မှုများ ရှိနေသည်။Hollywood Reporter မဂ္ဂဇင်းက The Idolတွင် လီလီ၏အဖော်အချွတ်မပါသည့်အခန်း ရှားလွန်းသည်ဟုပင် ဆိုသည်။