ဂဲလ်ဂဒေါ့က စိတ်သိမ်ငယ်မှုရောဂါ ခံစားနေရကြောင်း ဝန်ခံပြောကြား

ဂဲလ်ဂဒေါ့က စိတ်သိမ်ငယ်မှုရောဂါ ခံစားနေရကြောင်း ဝန်ခံပြောကြား
Photo - Instagram
Photo - Instagram
Published 4 June 2023

မင်းသမီး ဂဲလ်ဂဒေါ့က စိတ်သိမ်ငယ်မှု ရောဂါခံစားနေရသည်ဟု ဝန်ခံပြောကြားခဲ့သည်။

The Wonder Woman သရုပ်ဆောင်  ဂဲလ်က သူသည် သရုပ်ဆောင်ပြီးချိန်တိုင်း မိမိကိုယ်ကိုယ် သံသယရှိပြီး ၎င်း၏သရုပ်ဆောင်မှုအပေါ် မည်သူမှ ကြိုက်နှစ်သက်မည် မဟုတ်ဟု စိုးရိမ်မိကြောင်း ဝန်ခံပြောကြားခဲ့သည်။

“ကျွန်မမှာ စိတ်သိမ်ငယ်မှုရောဂါ ခံစားနေရတယ်လို့ တွေးမိတိုင်း ရယ်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတကယ့် တကယ်ချစ်မြတ်နိုးရတဲ့အလုပ်ကို လုပ်နေရတဲ့အတွက် ပျော်ရွှင်ပြီး ကံကောင်းတဲ့သူတစ် ယောက်လို့ ခံစားရလို့ပါ”ဟု ၎င်းက ပြောကြား ခဲ့သည်။

အသက် ၃၈ နှစ်အရွယ် ဂဲလ်က လူများကို ဟန်ဆောင်သူဟု ခံစားရစေသည့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်အတွက် ၎င်းကို အထောက်အကူဖြစ်စေခဲ့သော အကြံအချို့ကို မျှဝေခဲ့သည်။

“အသက် ၈၄ နှစ်အရွယ် ဟောလိဝုဒ်ဒါရိုက်တာ ဖရန်စစ်ဖော့ဒ်ကော်ပိုလာက ကျွန်မကို ပြောခဲ့တာကတော့ မင်းသိလား ငါဆိုလည်း သံသယတွေအပြည့်ပဲ။ လူတွေ ငါ့ကို မကြိုက်မှာကို အမြဲတမ်းစိုးရိမ်နေတယ်။ ငါ နှလုံးသားနောက်လိုက်ပြီး ထောင်လွှားမှုမရှိဘဲ နေလိုက်တယ်လို့ ကျွန်မကို ပြောခဲ့ပါတယ်” ဟု ဂဲလ်က ပြောပြခဲ့သည်။

ဂဲလ်က မိခင်တစ်ဦးဖြစ်လာခြင်းသည် သရုပ်ဆောင်သည့်အလုပ်ထက် ပိုမိုစိန်ခေါ်မှုရှိသည်ဟု အစောပိုင်းကလည်း ဝန်ခံပြောကြားခဲ့သည်။