လက်ရှိဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၁၉ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၁၆ သန်းကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၁၉ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၁၆ သန်းကျော်ရှိ
မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာကို တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာကို တွေ့ရစဉ်
Published 3 June 2023

လက်ရှိဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၁၉ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၁၆ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလအတွင်း မြန်မာဘက်မှပို့ကုန်တန်ဖိုးဒေါ်လာ ၂၁၉ ဒသမ ၂၀၇ သန်း၊ ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၁၁၁ ဒသမ ၆၁၅ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၃၃၀ ဒသမ ၈၂၁ သန်းရှိသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ဧပြီမှ မတ်လအထိ မြန်မာဘက်မှပို့ကုန်တန်ဖိုးဒေါ်လာ ၃၆၈၄ ဒသမ ၉၂၃ သန်း၊ ထိုင်းဘက်မှသွင်း ကုန်တန်ဖိုး ဒေါ်လာ၂၃၁၃ ဒသမ၈၇၇ သန်း ဖြင့် ကုန်သွယ်မှုဒေါ်လာ ၅၉၉၈ ဒသမ ၈၀၀ သန်း ရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁၉၁၁ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၀၇၀ ကျော်သာရှိကြောင်း၊ ခြောက်လ အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ  ၂၉၈၁ ဒသမ ၅၇ သန်းရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနှင့်ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃၂၈၇ သန်းကျော်ရှိပြီး ထိုင်း ဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာသန်း ၁၉၈၀ ကျော်သာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာဘက် မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၈၇ ဒသမ ၅၄၇ သန်း၊ ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာ ၁၉၈၀ ဒသမ ၈၉၁ သန်းဖြင့်ကုန်သွယ်မှုဒေါ်လာ  ၅၂၆၈ ဒသမ ၄၃၈ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက် က သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန် မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ ဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၈၄၆ ဒသမ ၀၆၆ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန် မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၂၁၂ ဒသမ၂၃၄သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့်အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။

Most Read

Most Recent