မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ် ရေလမ်းကြောင်း ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအတွက် အိိတ်ဖွင့်တင်ဒါခေါ်ယူ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ် ရေလမ်းကြောင်း ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအတွက် အိိတ်ဖွင့်တင်ဒါခေါ်ယူ
Published 3 June 2023

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန် မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန် ရေးသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သတင်းရရှိသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ၂၀၂၃၊ အောက်တိုဘာ ၁ ရက်နေ့မှ  ၂၀၂၄၊ မတ်လ ၃၁ ရက်နေ့အထိ ၆ လတာကာလအတွင်း ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းရေးလုပ်ငန်းအား သောင်တူးလုပ်ငန်းအတွေ့အကြုံ၊ စက်ယန္တရား၊ နည်းပညာ ပြည့်စုံသော ပြည်တွင်း၊ ပြည်ပ ဖက်စက်ကုမ္ပဏီကြီးများအနက် အသင့်လျော်ဆုံး ကုမ္ပဏီတစ်ခုအား တင်ဒါစီစစ် ရွေးချယ်ပြီး လုပ်ငန်းအပ်နှံဆောင်ရွက်သွား မည်ဖြစ်သည်။

သို့ဖြစ်၍ စိတ်ဝင်စားသည့် ကုမ္ပဏီကြီးများအနေဖြင့် ဗဟိုပစ္စည်းထိန်းဌာန၊ ဗိုလ်တစ်ထောင်တွင် တင်ဒါလျှောက်လွှာများ ဝယ်ယူနိုင်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်တွင် တင်ဒါလျှောက်လွှာများ တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက် တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း (KMIT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် အား မကြာခင်က ဖွင့်လှစ်ထားပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း  သိရသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့်  KMTT @ Kaladan Multi-Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာ မီစတင်လည်ပတ်ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent