မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေပြီး ၁၇၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဘန်ကောက်-ရန်ကုန်ခရီးစဉ်များဖြစ်သည့် UB-019 နှင့် UB-020 ခရီးစဉ် များတွင် Thai Viejet လေယာဉ်များဖြင့် အစားထိုးပျံသန်းမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။
၂၀၂၃ခုနှစ် ဇွန် ၁ ရက်မှ ၂၀ ရက်အတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ရန်ကုန်-ဘန်ကောက် UB-019 နှင့် ဘန်ကောက်-ရန်ကုန် UB-020 ခရီးစဉ်များတွင် Thai Viejet လေယာဉ်(VZ-8701) နှင့် (VZ-8700) အသီးသီးတို့ဖြင့် အစားထိုး ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို ဒေါ်လာ ၃၃၇ မှ စတင်ရောင်းချပေးနေပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် နှစ်ကြိမ် ပျံသန်းနေကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်း လိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းပြေးဆွဲလျက်ရှိပြီး အသွားခရီးစဉ် တစ်ကြောင်းစာကို အမေရိကန် ဒေါ်လာ ၁၇၅၊ အသွားအပြန်ခရီးစဉ်အား အမေရိကန်ဒေါ်လာ ၃၃၇ မှစတင်၍ လည်း ကောင်း ပျံသန်းနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ခရီးသည်တွေ အဆင်ပြေစွာသွားလာနိုင်ဖို့ တစ်နေ့ တစ်ကြိမ်ပျံသန်းနေတဲ့ ရန်ကုန်-စင်ကာပူခရီးစဉ်ကို တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့တွေမှာ တစ်ရက် နှစ်ကြိမ်ပျံသန်းပေးနေပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်တွေမြို့ရှိ မုန်တိုင်းသင့် ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းထားသည့် Sleeping Bag များအား မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် အခမဲ့သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများအား မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ပခရီးစဉ်များပေါ်တွင် အခမဲ့သယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သည်။
မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများအား စစ်တွေမြို့သို့ ပို့ဆောင်လိုပါက kyaw.ZeYa@flymna.com, kyawmoe.tun@flymna.com, htay.lwin@flymna.com သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လှူဒါန်းမည့် ပစ္စည်းမှန်ကန်ကြောင်း အာမခံစာပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်းနှင့် မသက်ဆိုင်သည့် အခွန်အခများရှိပါက ပစ္စည်းပို့ဆောင်မည့်သူမှ ကျခံရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application အားအသုံးပြုပြီး နှစ်သက်ရာခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင်လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MNA application တွင် Search flights ,Book flight, Make payment,Check flight status, Manage booking, Online Check-in နှင့် E-Boarding Passထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၁ ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁ရခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၁ခုကို ပျံသန်းနေတာဖြစ်ပြီး၊ ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ်တစ် ကြိမ်ပျံသန်းနေရာမှ ဧပြီ ၂၃ ရက်မှစတင်ကာ တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ် ပျံသန်းသွားမည်ဟု သိရသည်။









