ဘန်ကောက်နှင့် စင်ကာပူမှတစ်ဆင့် ကိုလံဘိုသို့ပျံသန်းမည့်ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (8M) နှင့် SRIKANLAN AIRLINES (UL)တို့အကြား Codeshare Partners အစီအစဉ်စတင်

ဘန်ကောက်နှင့် စင်ကာပူမှတစ်ဆင့် ကိုလံဘိုသို့ပျံသန်းမည့်ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (8M) နှင့် SRIKANLAN AIRLINES (UL)တို့အကြား Codeshare Partners အစီအစဉ်စတင်
Published 3 June 2023

ဘန်ကောက်နှင့် စင်ကာပူမှ တစ်ဆင့် ကိုလံဘိုသို့ ပျံသန်းမည့်ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (8M) နှင့် SRIKANLAN AIRLINES (UL တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) အနေဖြင့် AIR INDIA, ROYAL BRUNEI AIRLINES, GARUDA INDONESIA, SRILANKAN AIRLINES စသည့် နိုင်ငံတကာလေကြောင်းလိုင်း ငါးခုနှင့်  Codeshare Partners အဖြစ် ပူးပေါင်းထားပြီး Interline Partners အဖြစ် နိုင်ငံတကာလေကြောင်းလိုင်း ၃၈ခု ဖြင့် ပူးပေါင်းထားသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI သည် ရန်ကုန်(RGN) နှင့် အိန္ဒိယနိုင်ငံ ချန်နိုင်း(MAA) မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်များကို ၂၀၂၃ခုနှစ် မေ ၆ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ချန်နိုင်းသည် အိန္ဒိယနိုင်ငံတောင်ပိုင်းသို့ ပျံသန်းသည့် ပထမဆုံးခရီးစဉ်ဖြစ်ပြီး နယူးဒေလီ၊ ကာလကတ္တားနှင့် ဂါယာတို့ပြီးနောက် အိန္ဒိယနိုင်ငံအတွင်း ပျံသန်းသည့်(MAI)၏ စတုတ္တမြောက် ခရီးစဉ်ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ ရန်ကုန်နှင့် မန္တလေးမှ အပတ်စဉ် တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မြန်မာနိုင်ငံအတွင်း လေဆိပ်နှစ်ခုမှ ပျံသန်းသည့်ပထမဆုံးလေကြောင်းလိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

MAI  လေကြောင်းလိုင်းအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ အပတ်စဉ် တစ်ပတ်လျှင် လေကြောင်းခရီးစဉ် စုစုပေါင်း ၄၅ ကြိမ်ဖြင့် ရန်ကုန်-ဘန်ကောက် လေကြောင်း ခရီးစဉ်စျေးကွက်အတွင်း MAI လေကြောင်းလိုင်း၏ ရပ်တည်မှုအနေအထားကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-ဒွန်မောင်းခရီးစဉ်တွင် ခရီးသည်များအနေဖြင့်MAI ၏ လက်ရှိဝန်ဆောင်မှုများနည်းတူ ခရီးဆောင်အိတ် ကီလို ၃၀ သယ်ဆောင်ခွင့်နှင့် လေကြောင်းခရီးစဉ်အတွင်း အခမဲ့ဧည့်ခံကျွေးမွေးမှုများကို အပြည့်အဝ ရရှိမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အနေဖြင့် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကာလနောက်ပိုင်း လေကြောင်းပျံသန်းမှုကွန်ရက်ကို တစ်ဟုန်ထိုး တိုးချဲ့ပြေးဆွဲခြင်းသည် ခရီးသည်များအတွက် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံသို့လာရောက်ရာတွင်လည်းကောင်း ရွေးချယ်စရာ ပိုမိုများပြားလာစေရန်နှင့် ခရီးစဉ်များကို စီစဉ်ရာတွင် ပိုမိုလွယ်ကူချောမွေ့လာစေမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ မြန်မာနိုင်ငံအတွင်းရှိ မြို့များ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံများရှိ မြို့ပေါင်း ၂၇ မြို့သို့ A 319 လေယာဉ် လေးစီး၊ A 320 လေယာဉ် သုံးစီး၊ E 190 လေယာဉ် သုံးစီးဖြင့် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် မြန်မာနိုင်ငံရှိ ဦးဆောင်အဖွဲ့ IMCC(India Myanmar Chamber of Commerce)IAM(Indian Association of Myanmar)MAM (Malaysian Association of Myanmar) နှင့် SAM (Singapore Association of Myanmar)တို့အကြား မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့်အခမ်းအနားကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်ကေ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ယခုလက်မှတ်ရေးထိုးသည့် သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ  (MAI) နှင့် အဆိုပါအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေရန်နှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုမြှင့်တင်ပေးရန် ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent