တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံးကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးမည်

တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံးကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးမည်
တောင်သူများ၏လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
တောင်သူများ၏လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 2 June 2023

တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ကျပ် သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့ တစ်ဖွဲ့အတွက် ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံးထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်၊ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ဆီစက်၊ စားသောက်ကုန်ထုတ်လုပ် သည့်စက်များဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်ချက်ရှိသူ တောင်သူများသို့ စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံးကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် အများဆုံးကျပ် သိန်း ၅ဝဝဝအထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက်ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာများကို အရောင်းပြခန်း ကုမ္ပဏီများထံတွင် ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက်  သုံးနှစ်သုံးရစ်၊ အဆိုပါစက်များမှအပ ကျန်စက် ကိရိယာများအတွက် ငါးနှစ်ငါးရစ် ပေးဆပ်သည့်စနစ်ဖြစ်သည်။

ချေးငွေရယူလိုသော တောင်သူများအ နေဖြင့် မိမိတို့နှင့်နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်၍ချေးငွေအတွက် တင်သွင်းရမည့် အာမခံနှင့် ချေးငွေဆိုင်ရာစည်းကမ်း သတ် မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေ လျှောက်ထားရယူနိုင်သည်။

ချေးငွေနှင့်စပ်လျဉ်း၍ သိရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) လိပ်စာ၊ အမှတ် ၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ဖုန်း-၀၁-၈၃၉၁၂၃၅ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးပါ ပြေကျေစွာ ပေးဆပ်ပြီးသည့်တောင်သူများသို့  မေ ၁၈ ရက်မှစတင်ထုတ်ချေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြေညာထားသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ ချေးငွေပြေ ကျေမှသာ (ယခင်ကြွေးကျန် ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်မှစတင်၍ ယခင်နှစ် နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီး များအနေဖြင့် ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် ထုတ်ပြန်ထားသည်။

Most Read

Most Recent