Hellbound 2 ဇာတ်လမ်းတွဲတွင် မွန်ဂွန်ယောင်းကို မြင်ရမည်

Hellbound 2 ဇာတ်လမ်းတွဲတွင် မွန်ဂွန်ယောင်းကို မြင်ရမည်
Photo – SBS Star
Photo – SBS Star
Published 1 June 2023

Netflix မှထုတ်လွှင့်ပြသခဲ့သည့် သည်း ထိတ်ရင်ဖိုဇာတ်လမ်းတွဲ Hellbound ကို Season 2 ဆက်လက်ကြည့်ရှုရမည်ဖြစ်ပြီး မင်းသမီးမွန်ဂွန်ယောင်းလည်း ပါလာသည့်အတွက် ပရိသတ်များရင်ခုန်စောင့်မျှော်နေကြသည်။

Hellbound သည် မကောင်းမှုကျူးလွန်သူများ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်ချိန်တန်လျှင် ကြောက်မက်ဖွယ်သတ္တဝါကြီးများ လာခေါ်သွားသည့်အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်ပြီး Season 1 တွင်  ထိပ်တန်း မင်းသားယူအာအင်း ပါခဲ့သော်လည်း လက်ရှိ ၎င်းသည် မူးယစ်ဆေးများသုံးမှုဖြင့် အမှုရင်ဆိုင်နေရသည့်အတွက် Season 2 တွင်ပါမ လာတော့ပေ။ ၎င်းအစား မင်းသား ကင်ဆောင်ချိုကို အစားထိုးထားသည်။

မွန်ဂွန်ယောင်းက Arrowhead ဂိုဏ်း၏ ခေါင်းဆောင်နေရာမှ သရုပ်ဆောင်ပြီး ယင်းက Season 1 တွင်မပါသေးသည့် ဇာတ်ရုပ်အသစ်ဖြစ်သည်။ Hellbound သည် လူကြည့် အများဆုံး Netflix ဇာတ်လမ်းတွဲများထဲတွင် ပါခဲ့သည်။ မွန်ဂွန်ယောင်းအတွက်မူ နှစ်နှစ်အတွင်း မင်းသမီးအဖြစ် ပထမဆုံးအကြိမ် ဇာတ်ကားပြန်ရိုက်ကူးမှုဖြစ်သည်။