ကိန်းရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုဖြစ်သည့် ရွှေအုန်းပင်ဆုကို ပြင်သစ်လျှို့ဝှက်သည်းဖို ရုပ်ရှင်ဇာတ်ကား “Anatomy of a fall ” က ဆွတ်ခူး

ကိန်းရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုဖြစ်သည့် ရွှေအုန်းပင်ဆုကို ပြင်သစ်လျှို့ဝှက်သည်းဖို ရုပ်ရှင်ဇာတ်ကား “Anatomy of a fall ” က ဆွတ်ခူး
Photo: Deadline
Photo: Deadline
Published 31 May 2023

ဆန်းကြယ်သည့်လူသတ်မှုအကြောင်း ရိုက်ကူးထားသည့် Anatomy of a fall ပြင်သစ်ရုပ်ရှင်ဇာတ်ကားက ယခုနှစ်ကိန်း ရုပ်ရှင်ပွဲတော်တွင် ရွှေအုန်းပင်ဆု(အမြင့်ဆုံးဆု)ကို ဆွတ်ခူးသွားခဲ့သည်။ခင်ပွန်းသည်ကို သတ်မှုဖြင့် စွပ်စွဲခံထားရသည့် စာရေးဆရာမ တစ်ဦးအကြောင်းကို  ပြင်သစ်ဒါရိုက်တာ ဂျက်စတင်ထရိုင်းယတ်က ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

ရွှေအုန်းပင်ဆု (Palme d’Or)သည် ကိန်းနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အမြင့်ဆုံးဆုဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် စတင်ပေးအပ်လာခဲ့သည်။ယခုနှစ်ရွှေအုန်းပင်ဆုကို ထရိုင်းယတ်၏ဇာတ်ကားက အခြားဇာတ်ကား ၂၁ ကားကိုကျော်ကာ ရခဲ့ခြင်းဖြစ်သည်။

ဆုကို ဟောလိဝုဒ်မင်းသမီးကြီး ဂျိန်းဖွန်ဒါက ပေးအပ်ချီးမြှင့်ခဲ့ပြီး ထရိုင်းယတ်က ထိုဆုကိုရသည့် တတိယမြောက်အမျိုးသမီး ဒါရိုက်တာဖြစ်လာသည်။ကိန်းပွဲတော်၏ ဒုတိယအမြင့်ဆုံးဆုက Grand Prix ဖြစ်ပြီး ဗြိတိန်ဒါရိုက်တာ ဂျိုနက်သန်ဂလေဇာ ရိုက်ကူးသည့် The Zone of Interest ဇာတ်ကား က ရသွားသည်။ Auschwitz နာဇီအကျဉ်း စခန်းအနီးနေထိုင်သည့် မိသားစုတစ်စုအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို Perfect day ဇာတ်ကားတွင် သန့်စင်ခန်းဆေးသူအဖြစ် သရုပ်ဆောင်ခဲ့သည့် ဂျပန်မင်းသား ကိုဂျီယာကူရှိုကရပြီး တူရကီမင်းသမီး မာဗီဒီဒါက About Dry Grasses ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆု ရသွားသည်။

အကောင်းဆုံးဒါရိုက်တာဆုကိုမူ ၁၉ ရာစုနှစ်အချစ်ဇာတ်လမ်းကို  ပုံဖော်ထားသည့် Pot-au-Feu ဇာတ်ကားဖြင့် ဗီယက်နမ်ပြင်သစ်ကပြား ဒါရိုက်တာကျန်အန်ဟုံက ဆွတ်ခူးခဲ့သည်။

ယခုနှစ်ကိန်းပွဲတော်ကို မေ ၁၆ ရက်မှ  ၂၇ ရက်အထိ ကျင်းပခဲ့ပြီး ဂျွန်နီဒပ်ခေါင်း ဆောင်ပါဝင်သည့် ပြင်သစ်ရှေးခေတ်ဒရာမာ ဇာတ်ကား Jeanne du Barry ဖြင့် ပွဲတော်ကို ဖွင့်လှစ်ခဲ့သည်။ ဒပ်ကို ကိန်းသို့တက်ရောက်စေပြီး ၎င်းင်း၏ဇာတ်ကားဖြင့် ဖွင့်လှစ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများရှိခဲ့ပြီး ပွဲတော်အကြီးအကဲ ကမူ အမေရိကန်တွင်ဒပ်၏ပုံရိပ် မည်သို့ရှိသည်ကို ၎င်းမသိ၊ ဥပဒေဘောင်အတွင်း    လွတ်လပ်စွာပြောဆိုပြုမူရမည်ဆိုသည့် စည်းမျဉ်းကိုသာ ၎င်းသိသည်ဟု တုံ့ပြန်ခဲ့သည်။

 

Most Read

Most Recent