တောင်ကိုရီးယားတွင် အသက် ၁၈ နှစ် ကျော်သည်နှင့် ယာဉ်မောင်းလိုင်စင်ရနိုင်ပြီး တန်ဖိုးမြင့်မော်ဒယ်ကားများ ဝယ်စီးနိုင်သော်လည်း ယာဉ်မောင်းလိုင်စင်မရှိသေးသည့် အနုပညာရှင်များ ရှိနေသေးသည်။
အဆိုတော် Young Tak သည် ယာဉ်မောင်းလိုင်စင်ရရေး စတင်ကြိုးစားနေပြီဖြစ်သည်။ ၎င်းသည် ‘Jjiniya’ သီချင်းဖြင့် အောင်မြင်ထားပြီး ရုပ်သံထုတ်လွှင့်မှုများစွာတွင် ပါဝင်ထားသည်။
အိုင်ယူတွင်လည်း ယခုထိယာဉ်မောင်းလိုင်စင် မရှိသေးပေ။၂၀၂၀ ခုနှစ် ၊ ဧပြီ ၁ ရက်ကမူ အိုင်ယူက ယာဉ်မောင်းလိုင်စင်ရပြီဟု ပရိသတ်ကို April Fool လုပ်ခဲ့ဖူးသည်။ အိုင်ယူပါဝင်သည့် ‘Broker’ ဇာတ်ကားသစ်ကို ဇွန် ၈ ရက်တွင် ပြသမည်။
ယာဉ်မောင်းလိုင်စင်မရှိသူများထဲ မူပိုင်သီချင်း ၁၀၀ ကျော်ပိုင်သည့် Seventeen အဖွဲ့ဝင် Woozi လည်း ပါနေသည်။ မွေးရပ်ဖြစ်သည့် ဘူဆန်မြို့ကို ရထားဖြင့်သွားလည်ခဲ့သည်ဆိုသည့် ၎င်း၏ဖွင့်ဟမှုသည် ပရိသတ် ကို အံ့သြစေခဲ့သည်။
Day 6 အဖွဲ့ဝင် Young K သည် စစ်မှု တာဝန်ထမ်းဆောင်လျက်ရှိပြီး ၎င်းလည်း ယာဉ်မောင်းလိုင်စင် မရှိသေးပေ။
ကမ္ဘာကျော်ကေပေါ့အဖွဲ့ BTS မှ ခေါင်းဆောင် RM သည် ကားမောင်းကြောက်သူဖြစ်သည်။ ပရိသတ်နှင့်ထိတွေ့သည့် အစီအစဉ်တစ်ခုတွင် RM က ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုဖြေရန် စဉ်းစားရသည်ကိုပင် ကြောက်သည်ဟု ပြောခဲ့ဖူးသည်။
(G)I-DLE အဖွဲ့ဝင် ဂျန်ဆိုယန်းသည် ယာဉ်မောင်းလိုင်စင်မရှိသေးဘဲ ၎င်းတင်မဟုတ်၊ အဖွဲ့ဝင်အားလုံးနီးပါး ယာဉ်မောင်းလိုင်စင် မရှိကြသေးပေ။ အဖွဲ့ဝင် မီယွန်းတစ်ဦးတည်းသာ ရှိသည်။