သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူများက မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေပြီဖြစ်ကြောင်း MJTD မှ သိရ

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူများက မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေပြီဖြစ်ကြောင်း MJTD မှ သိရ
သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်
Published 27 May 2023

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူများက မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေပြီ ဖြစ်ကြောင်း မြန်မာ-ဂျပန်သီလဝါဒီဗလော့မင့်လီမိတက် (MJTD) မှ သိရသည်။

မြန်မာ-ဂျပန်သီလဝါဒီဗလော့မင့်လီမိတက် (MJTD) သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက် မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ ကာလအတွက် အသားတင်အမြတ်ငွေ ဒေါ်လာ ၂ ဒသမ ၉၅ သန်းရရှိခဲ့သည်။ အမြတ်လက်ကျန်ဒေါ်လာ ၅၅ ဒသမ ၄၄ သန်းနှင့် ငွေနှင့် ငွေသားညီမျှခြင်း လက်ကျန်အနေဖြင့် ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်တွင် ဒေါ်လာ ၄၃ ဒသမ ၃၆ သန်းပိုင်ဆိုင်ထားသည်။

သုံးနှစ်တာကာလမျှ ကြာမြင့်နေသော ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် အခြားမတည်ငြိမ်သောအခြေအနေများသည် MJTD ၏ မြေယာရောင်းချမှုကဏ္ဍတွင် အသစ်ရောင်းချရခြင်းမျိုးမရှိခဲ့ဘဲ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများနှင့် အခြားဝင်ငွေများမှသာ ဝင်ငွေရရှိခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်၏ တည်ငြိမ်သောပတ်ဝန်းကျင်နှင့် အရည်အသွေးမြင့်မားသော အခြေခံအဆောက်အဦများကြောင့် ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိနေပြီဖြစ်ကြောင်း၊ ဝင်ငွေအနေဖြင့် ပုံမှန်လည်ပတ်နေသည့်လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေနှင့် လျှပ်စစ်မီးဝန်ဆောင်မှု လုပ်ငန်းများမှသာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလတ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တစ်ခုတည်းအနေဖြင့် ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့်  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွက် စီမံအုပ်ချုပ်မှုနှင့် တွဲဖက်လုပ်ငန်းမှ ရရှိသည့်အမြတ်ငွေကျပ် ၂ ဒသမ ၅၄ ဘီလျံအပါအဝင် အသားတင် အမြတ်ငွေမှာ ကျပ် ၄ ဒသမ ၇၅ ဘီလျံရရှိခဲ့ပြီး ၎င်းင်းအမြတ်တွင် အမှန်မပေါ်ပေါက်ခဲ့သော နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုအမြတ်ငွေ ကျပ် ၁ ဒသမ ၀၉ ဘီလျံနှင့် လက်အောက်ခံကုမ္ပဏီမှ အမြတ်ဝေ စုရငွေကျပ် ၁ ဒသမ ၂ ဘီလျံပါဝင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် စုဆောင်းပြီး အမြတ်လက်ကျန်ငွေ ကျပ် ၄၀ ဒသမ ၂၈ ဘီလျံ၊ ငွေနှင့်ငွေသားညီမျှခြင်း လက်ကျန်များအနေဖြင့် ကျပ် ၉ ဒသမ ၆၆ ဘီလျံပိုင်ဆိုင်ထားကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာစေရန် စျေးကွက်မြှင့်တင်ရေးအစီအစဉ်များ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း၊ ရလဒ်များအရ သီလဝါအထူးစီးပွားရေးဇုန်၏ စျေးကွက်မြှင့်တင်ရေးအစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသည့်အခွင့်အရေး၊ အခွန်အခနှုန်းထားများကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ၏ စိတ်ဝင်စားမှုမှာ သိသိသာသာ တိုးတက်လာခဲ့ကြောင်း သို့သော်လည်း ကမ္ဘာ့စီးပွားရေးတုံ့နှေးနေခြင်းနှင့် ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းတို့ကြောင့် လာမည့်ကာလအတွင်း ပမာဏများပြားသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို မျှော်မှန်း၍မရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းကုမ္ပဏီ MTSH က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် သာမန်အစုရှယ်ယာတစ်စုလျှင် ကျပ်  ၅၀ နှုန်းခွဲဝေရန် ဆုံးဖြတ်ကြောင်း ကြေညာထားသည်။

မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်ရှိ ဘဏ္ဍာရေးအခြေအနေများအပေါ်အခြေခံ၍ ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် ကျင်းပသည့် ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ အဆိုပြုအမြတ်ဝေစုပမာဏကို သာမန်အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀ နှုန်းခွဲဝေရန် ဆုံးဖြတ်ကြောင်း အသိပေးကြေညာအပ်သည်။

Most Read

Most Recent