မိုခါမုန်တိုင်းတိုက်ခတ်သည့်ကာလအတွင်း ရေနံစိမ်းတင်သင်္ဘောများ ယာယီရပ်ဆိုင်းထားသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံသို့ ရေနံစိမ်း ပုံမှန်အတိုင်းတင်ပို့လျက်ရှိ

မိုခါမုန်တိုင်းတိုက်ခတ်သည့်ကာလအတွင်း ရေနံစိမ်းတင်သင်္ဘောများ ယာယီရပ်ဆိုင်းထားသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံသို့ ရေနံစိမ်း ပုံမှန်အတိုင်းတင်ပို့လျက်ရှိ
ရေနံနှင့်သဘာဝဓာတ်ငွေ့ပို့လွှတ်ရေးစခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-SEAGP&SEAOP)
ရေနံနှင့်သဘာဝဓာတ်ငွေ့ပို့လွှတ်ရေးစခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-SEAGP&SEAOP)
Published 27 May 2023

မိုခါမုန်တိုင်းတိုက်ခတ်သည့်ကာလအတွင်း ရေနံစိမ်းတင်သင်္ဘောများ ယာယီရပ်ဆိုင်းထားသော်လည်း လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ ရေနံစိမ်း ပုံမှန်အတိုင်းတင်ပို့လျက်ရှိကြောင်း SEAOP မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုကတော့ ပုံမှန်အတိုင်း ရေနံစိမ်း တင်ပို့လျက်ရှိပါတယ်”ဟု SEAOP မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မိုခါမုန်တိုင်းကာလအတွင်း လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသဖြင့် မဒေးကျွန်းသို့ သင်္ဘောအဝင်အထွက်မရှိကြောင်း၊ မုန်တိုင်းကာကွယ်ရေးအစီအမံများဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းလည်း ၎င်းင်းက ဆိုသည်။

မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းသည် မြန်မာနိုင်ငံ၏အနောက်ဘက်ကမ်းခြေရှိ မဒဲကျွန်းမှစ၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှ တရုတ်နိုင်ငံအတွင်းသို့ ရောက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းအရှည်အလျားစုစုပေါင်းမှာ ကီလိုမီတာ ၇၇၁ ဖြစ်ပြီး ပိုက်လိုင်း၏အချင်း Dia-meter မှာ ၈၁၃ Milimeter ဖြစ်ကြောင်း၊ ပထမပိုင်းလုပ်ငန်းစဉ်တွင် ရေနံပေးပို့ရေး ပမာဏအနေဖြင့် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၂ သန်းဖြစ်ကာ ဒုတိယပိုင်းလုပ်ငန်းစဉ်တွင် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၂၂ သန်းအထိ တိုးမြှင့်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံပြည်တွင်းသုံးစွဲရန် တစ်နှစ်လျှင် ပေးပို့နိုင်သောတန်ချိန်ပမာဏမှာ နှစ်သန်းဖြစ်ကြောင်း၊ တန်ချိန်ပေါင်း သုံးသိန်းအဆင့်ရှိသည့် ရေနံစိမ်းဆိပ်ကမ်းတစ်ခု တည်ဆောက်ထားကြောင်းနှင့် တစ်နှစ်လျှင် လက်ခံနိုင်သော ရေနံတန်ချိန်စုစုပေါင်း ၂၂ သန်းဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်တွင် မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်း တရားဝင်စတင်လည်ပတ်ထားကြောင်း သိရသည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် တစ်ရက်လျှင် ပျမ်းမျှသဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၀၀ ခန့် နှင့် ရခိုင်ပြည်နယ် မဒဲကျွန်းမှ ပျမ်းမျှရေနံ စိမ်းတန်ချိန်  ၁၆၀၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေးလျက်ရှိကြောင်း ၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်ထားသည့်သတင်းများအရ သိရသည်။

ပြည်တွင်းသုံးစွဲမှုအနေဖြင့်မူ နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေသန်း ၁၀၀ ခန့် ရယူသုံးစွဲလျက်ရှိကြောင်း သိရသည်။

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီး ရေနံစိမ်းပိုက်လိုင်းကိုမူ SEAOP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent