ရော့ခ်အင်န်ရိုးလ်ဘုရင်မဟု တင်စားခံထားရသည့် အဆိုတော် တီနာတာနာ ကွယ်လွန်မှု ကမ္ဘာတစ်ဝန်းလုံးက ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြခဲ့ကြ

ရော့ခ်အင်န်ရိုးလ်ဘုရင်မဟု တင်စားခံထားရသည့် အဆိုတော် တီနာတာနာ ကွယ်လွန်မှု ကမ္ဘာတစ်ဝန်းလုံးက ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြခဲ့ကြ
Photo - AFP
Photo - AFP
Published 26 May 2023

ခက်ခဲသော စိုက်ပျိုးမွေးမြူရေးအသိုင်းအဝိုင်းနှင့် ဆိုးရွားသောအိမ်ထောင်ရေးမှ ရုန်းထွက်လာခဲ့သည့် ခေတ်အဆက်ဆက် ထိပ်တန်းအဆိုတော်များမှ တစ်ဦးဖြစ်သူ အသက် ၈၃ နှစ်အရွယ် အမေရိကန်ဖွား အဆိုတော် တီနာတာနာသည် မေ ၂၄ ရက်က ကွယ်လွန်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ သမ္မတများ၊ အဆိုတော်များနှင့် ပရိသတ်များက ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြခဲ့ကြသည်။

တီနာတာနာသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အနီး ကူ့စ်နာချ်ရှိ ၎င်းင်း၏နေအိမ်တွင် ကာလကြာရှည် နေမကောင်းဖြစ်ခဲ့ပြီးနောက် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

တာနာသည် ရော့ခ်အင်န်ရိုးလ် အစောပိုင်းနှစ်များအတွင်း ၁၉၅၀ ဝန်းကျင်တွင် ၎င်း၏ အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့ပြီး တေးသရုပ်ဖော် အကျော်အမော်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။

Rolling Stones အဖွဲ့ဝင် မစ်ဂျက်ကာက ကမ္ဘာကြီးသည် များစွာသောအရည်အချင်းများရှိသည့် သရုပ်ဆောင်တစ်ဦးနှင့် အဆိုတော်တစ်ဦးကို ဆုံးရှုံးခဲ့ရသည်ဟု တာနာကွယ်လွန်မှုကို ရည်စူး၍ ပြောကြားခဲ့သည်။

“ကမ္ဘာကြီးက အထင်ကရပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးသွားပါပြီ” ဟု ဆွစ်ဇာလန်သမ္မတ အလိန်းဘာဆက်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်ဂီတကို ပြောင်းလဲပေးခဲ့တဲ့ မျိုးဆက်တစ်ဆက်တွင် တစ်ယောက်ဖွားအရည်အချင်းရှိသူအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

“တီနာရဲ့ ကိုယ်ပိုင်ခွန်အားကတော့ အံ့သြဖွယ်ကောင်းပါတယ်။ ဆင်းရဲဒုက္ခတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရတာတွေကို ကျော်လွှားပြီး အသက်မွေးဝမ်းကြောင်းတစ်ခုနဲ့ အမွေအနှစ်တွေကို တည်ဆောက်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

သမ္မတဟောင်း ဘားရက်အိုဘားမားကလည်း တာနာကို “ဘယ်တော့မှ မှိန်ပျောက် မသွားတဲ့ ကြယ်တစ်ပွင့်”ဟု တင်စားခေါ်ဝေါ်ခဲ့သည်။

တာနာသည် ရော့ခ်အင်န်ရိုးဘုရင်မအဖြစ် တင်စားခံခဲ့ရပြီး ၎င်းင်းရရှိထားသော ဂရမ်မီဆု ရှစ်ဆုအနက် ခြောက်ဆုကို ၁၉၈၀ ဝန်းကျင်တွင်ရရှိခဲ့သည်။ အဆိုပါ ဆယ်စုနှစ်အတွင်း ၎င်း၏ဒါဇင်နှင့်ချီသော သီချင်းများသည် ထိပ်ဆုံးတေးသီချင်း ၄၀ တွင် ပါဝင်ခဲ့သည်။

Most Read

Most Recent