ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၅၀ ဝန်းကျင်အထိ မြင့်တက်

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၅၀ ဝန်းကျင်အထိ မြင့်တက်
Published 26 May 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင်တစ်ဒေါ်လာ ၂၉၅၀ ကျပ် ဝန်းကျင်ရှိနေဟု သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက မငြိမ်ဘဲ အတက်များနေပါတယ်။ ခုနေ့လည်မှာတော့  ၂၉၅၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၂၉၅၀ ကျပ်နဲ့ ဝယ်ပြီး ၂၉၄ဝနဲ့ ပြန်ရောင်းနေတာကို တွေ့ရပါတယ်”ဟု ငွေလဲကောင်တာတွင် ဒေါ်လာသွားရောက်ရောင်းချသူတစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ မေ ၂၆ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၁၃၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၁၇၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၆၀  ကျပ်၊ ထိုင်းဘတ် ၈၆ ကျပ်၊ တရုတ်ယွမ် ၄၂ဝကျပ်၊ ဂျပန်ယန်း ၂၂. ၂၅ ကျပ်တို့ဖြစ်သည်။

ဒေါ်လာဝယ်ရောင်းပြုလုပ်ရာတွင် ကောလာဟလများဖြင့် စျေးကစားခြင်း၊ စျေးကွက်ပေါက်စျေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့နေရပြီး ပြည်တွင်းဘဏ်များ မှ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ထားသည်။

Export နှင့် Import များအတွင် ပေးချေမှုများကို ဘတ်နှင့်ယွမ်များဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခွင့်ပြုပြီးဖြစ်သောကြောင့် ပြည်တွင်း၊ ပြည့်ပပေးချေမှုများ အဆင်ပြေစွာ ပေးချေဆောင်ရွက်လျက်ရှိသည်။

ဘဏ်များ၌ ငွေသားထုတ်ယူမှုကို လွတ်လပ်စွာ တိုးမြှင့်ထုတ်ယူနိုင်ကြောင်း ဘဏ်များ၏ Website များတွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုနစစ်ကို ပိုမိုတိုးတက်လာစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တွန်းအားပေးလျက်ရှိရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုတိုးတက်ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။

Exporter နှင့် Importer များအနေဖြင့် လိုင်စင်ခွင့်ပြုချက်နှင့်အညီ ဘဏ်စနစ်ဖြင့်သာ ပေးချေမှုများဆောင်ရွက်ရမည်ဖြစ်၍ မြန်မာကျပ်နှင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ Trade Financing များကို ဘဏ်များမှတစ်ဆင့် ရယူနိုင်သည်။ မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်းမပြုလုပ်ရန်၊ Exporter များအနေဖြင့် သတ်မှတ်ကာလအတွင်း ဘဏ်သို့ရောင်းချခြင်းမရှိပါက သတ်မှတ်စည်းမျဉ်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Export Earning ပြန်လည်ဝင်ရောက်မှုအခြေအနေများနှင့်ဆက်စပ်၍လည်းကောင်း၊ ဘဏ်များမှ ငွေသားထုတ်ယူမှုကန့်သတ်ချက်များရှိသည်ဟုလည်းကောင်း သတင်းများထုတ်လွှင့်၍ ငွေကြေးစနစ်မတည်ငြိမ်အောင် ဆောင်ရွက်နေမှုများရှိနေသည်။ ကောလာဟလများဖြင့် စျေးကစားခြင်းများ ၊ စျေးကွက်ပေါက်စျေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့နေရကြောင်း၊ ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှုရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Expoter နှင့် Importer များအနေဖြင့်လည်း ရောင်းဝယ်လိုသည့်ပမာဏကို ဘဏ်စနစ်မှတစ်ဆင့် ဆောင်ရွက်ရန်နှင့် ဘဏ်များအနေဖြင့် Expoter နှင့် Importer များ၏ နိုင်ငံခြားငွေ လိုအပ်ချက်များကို စောင့်ကြည့်ပြီး ပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် USD Liquidity နှင့် MMK Liquidity ကို ဘဏ်များမှတစ်ဆင့် Expoter နှင့် Importer များကို ပံ့ပိုးလျက်ရှိသောကြောင့် ဘဏ်များမှတစ်ဆင့် လိုအပ်ချက်ကို တင်ပြနိုင်ကြောင်း၊ ကောလာဟလများဖြင့် စျေးကစားခြင်းပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent