သွင်းကုန်လိုင်စင်မရမီ ဆိပ်ကမ်းသို့ရောက်ရှိခဲ့သောကုန်ပစ္စည်းများနှင့် ပတ်သက်၍ VPA ဒဏ်ကြေး ဖြစ်ပေါ်ခဲ့သော အမှုတွဲများအနက် ၇၄၈ မှုအား ဥပဒေနှင့်အညီ Refund ပြန်ပေးမည်

သွင်းကုန်လိုင်စင်မရမီ ဆိပ်ကမ်းသို့ရောက်ရှိခဲ့သောကုန်ပစ္စည်းများနှင့် ပတ်သက်၍ VPA ဒဏ်ကြေး ဖြစ်ပေါ်ခဲ့သော အမှုတွဲများအနက် ၇၄၈ မှုအား ဥပဒေနှင့်အညီ Refund ပြန်ပေးမည်
Published 25 May 2023

သွင်းကုန်လိုင်စင်မရမီဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခဲ့သောကုန်ပစ္စည်းများနှင့်ပတ်သက်၍ VPA ဒဏ်ကြေးဖြစ်ပေါ်ခဲ့သော အမှုတွဲများအနက် ၇၄၈ မှုအား ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေနှင့်အညီ Refund ပြန်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း သွင်းကုန်လိုင်စင်မရရှိမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခဲ့သော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ VPA ဒဏ်ကြေးဖြစ်ပေါ်ခဲ့သော အမှုတွဲများအား စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာ စိစစ်တွေ့ရှိချက်များအရ သတ်မှတ်ချက်နှင့်အကျုံးဝင်သော ဒဏ်ကြေးငွေပေးသွင်းပြီးသည့်အမှုတွဲ ၇၄၈ မှုအား ပင်လယ်ရေကြောင်းအကောက်ခွန် ဥပဒေနှင့်အညီ Refund ပြန်လည်ပေးအပ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒဏ် ကြေးငွေပေးသွင်းရန် ဆောင်ရွက်ဆဲအမှုတွဲ  ၁၇ မှုအား ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Refund ပြန်လည်ပေးအပ်ခြင်းနှင့် ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် သတ်မှတ်ချက်နှင့် အကျုံးဝင်သောကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးမှ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားလာပါက စိစစ်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည့် Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းနှင့်ပတ်သက်၍ သွင်းကုန်ကြေညာလွှာတင်သွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ရုံးချိန်အတွင်း Help Desk Section (01-370429) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ သိရသည်။

Most Read

Most Recent