မိုခါဆိုင်ကလုန်းမုန်တို်င်းတိုက်ခတ်မှုကြောင့် စိုက်ပျိုးသီးနှံဧက ၆၂၈၀၀ ကျော် ပျက်စီးခဲ့ပြီး မကွေးတိုင်းဒေသကြီးမှ နွေစပါး၊နွေနှမ်း၊ မိုးပဲတီစိမ်းဧက ၅၆၀၀၀ ကျော်ဖြင့် အများဆုံးထိခိုက်ပျက်စီးခဲ့

မိုခါဆိုင်ကလုန်းမုန်တို်င်းတိုက်ခတ်မှုကြောင့် စိုက်ပျိုးသီးနှံဧက ၆၂၈၀၀ ကျော် ပျက်စီးခဲ့ပြီး မကွေးတိုင်းဒေသကြီးမှ နွေစပါး၊နွေနှမ်း၊ မိုးပဲတီစိမ်းဧက ၅၆၀၀၀ ကျော်ဖြင့် အများဆုံးထိခိုက်ပျက်စီးခဲ့
စလင်းချောင်း ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ပျက်စီးခဲ့သည့် ပဲတီစိမ်းစိုက်ခင်းအချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဖြူကျွန်းမြို့ Facebook Page)
စလင်းချောင်း ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ပျက်စီးခဲ့သည့် ပဲတီစိမ်းစိုက်ခင်းအချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဖြူကျွန်းမြို့ Facebook Page)
Published 25 May 2023

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် စိုက်ပျိုးသီးနှံဧက ၆၂၈၀၀ ကျော် ပျက်စီးခဲ့ပြီး မကွေးတိုင်းဒေသကြီးမှ နွေစပါး၊ နွေနှမ်း၊ မိုးပဲတီစိမ်းဧက ၅၆၀၀၀ ကျော်ဖြင့် အများဆုံးထိခိုက်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် မုန်တိုင်း၏ ဆက်စပ်အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံစုစုပေါင်း ၆၂၈၃၆ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါပျက်စီးသွားသည့်စိုက်ပျိုးသီးနှံများတွင် ရခိုင်ပြည်နယ်မှ ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁၃၄၅ ဧက၊ ကွမ်းရွက်ပင်  ၅၈ ဧက၊ဓနိပင် ၂၃၁ ဧက၊ ကြက်ပေါင်စေး ၅ ဧကနှင့် သစ်သီးဥယျာဉ်၁၇၀၉ ဧက၊ မကွေး တိုင်းဒေသကြီးမှ နွေစပါး ၁၀၉ ဧက၊ နွေနှမ်း ၄၉၅၆၉ ဧက၊ ဆောင်းနေကြာ ၈ ဧက၊ မိုးနေ ကြာ ၂၂ ဧကနှင့် မိုးပဲတီစိမ်း ၆၇၆၆ ဧက၊ မန္တလေးတိုင်းဒေသကြီးမှ နွေနှမ်းဧက ၃၅၀ နှင့် မိုးပဲတီစိမ်း ၁၇ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးမှ နွေနှမ်း ၉၀၂ ဧကနှင့် မိုးပဲတီစိမ်း ၁၀၆၅ ဧက၊ ဧရာဝတီတိုင်းဒေသကြီးမှ ငှက်ပျော ၇၅ ဧကတို့ဖြစ်သည်။

မိုခါတိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် မုန်တိုင်း၏ဆက်စပ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကျွဲ ၄၂၀၉ ကောင်၊ နွား ၇၆၆၆ ကောင်၊ ဝက် ၂၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇၀၀၅ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

 အဆိုပါသေဆုံးခဲ့သည့်တိရစ္ဆာန်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်မှ ကျွဲ၄၂၀၉ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၄၈၉၂၀၅ ကောင်၊ ပဲခူးတိုင်းဒေသကြီး အတွင်းမှ ကြက်ကောင်ရေ ၂၄၅၀၀၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက် မြို့ နယ်မှ ကျွဲသုံးကောင်၊ နွား ၇၃ ကောင်နှင့် ဝက် ၁၂ ကောင်၊ ဧရာဝတီတိုင်းဒေသကြီးအ တွင်းရှိ မြို့နယ် နှစ်မြို့နယ်မှ ကြက်ကော င်ရေ ၃၃၀၀ တို့ဖြစ်ကြောင်း သိရသည်။

မေ ၁၃ ရက်မှ ၁၅ ရက်အထိ ဆိုင်ကလုန်း မိုခါအရှိန်ဖြင့် ရွာသွန်းခဲ့သော မိုးများကြောင့် မကွေးတိုင်းဒေသကြီးအတွင်းမှ တောင်သူများ မြေပဲ၊ နှမ်း စသည့်သီးနှံစိုက်ပျိုးရေးများ စတင်နိုင်ခဲ့သော်လည်း ရေသွင်းစိုက်ပျိုးခဲ့သည့် နွေနှမ်းနှင့် ပဲတီစိမ်းစိုက်ခင်း အများအပြား ရေနစ်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူ၊ မင်းလှ၊ မင်းဘူးစသည့်မြို့နယ်များအတွင်း မြေပဲ၊ နှမ်း စသည့်ဆီထွက်သီးနှံများ စတင်စိုက်ပျိုးလျက် ရှိကြောင်း၊ ယခုနှစ် သီးနှံစိုက်ပျိုးရာသီတွင် မြေပဲဆန်တစ်တင်းလျှင် ကျပ်တစ်သိန်းကျော်အထိ ပေါက်စျေးရှိပြီး ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဆေးစျေးနှုန်းများလည်း မြင့်တက်နေ ကြောင်း သိရသည်။

“မုန်တိုင်းမိုးက နှစ်ရက်လောက်အတွင်းမှာကို သီးနှံ စိုက်ပျိုးကောင်းလောက်အောင် ရွာခဲ့တာပါ။ ဒီလိုအစိုဓာတ်ကောင်းကောင်းနဲ့ စိုက်ပျိုးနိုင်ဖို့ အချိန်လုစိုက်ရတော့ လုပ်သားနဲ့ ခိုင်းနွား အလျင်မမီတာတွေလည်း ကြုံရပါတယ်။ မျိုးစေ့နဲ့ဆေးဝါးစျေးတွေ ကြီးမြင့်လွန်းတော့ မြေပဲအဆန် လေးတင်းစိုက်တာကို ကျပ် ၁၀ သိန်းကျော် ကုန်ကျပါတယ်”ဟု မင်းဘူးမြို့နယ်မှ တောင်သူတစ်ဦးက ဆိုသည်။

မုန်တိုင်း မိုးများကြောင့် ဧရာဝတီမြစ်အနောက်ဘက်ရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆိပ်ဖြူ စသည့်မြို့နယ်များအတွင်း နွေနှမ်းနှင့် ပဲတီစိမ်းစိုက်ခင်း အများအပြား ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။စလင်းချောင်း ရေကြီးရေလျှံမှုကြောင့် လူလေး ဦးသေဆုံးခဲ့သည့်အပြင် တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent