၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်နှင့် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာများကို ဇွန် ၃၀ ရက်နောက်ဆုံးထား တင်သွင်းရန် ထုတ်ပြန်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်နှင့် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာများကို ဇွန် ၃၀ ရက်နောက်ဆုံးထား တင်သွင်းရန် ထုတ်ပြန်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 25 May 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်ကြေညာလွှာ၊ လစာနှစ်ချုပ်စာရင်း၊ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာတို့ကို ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ တင်သွင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါကြေညာလွှာများကို လူကိုယ်တိုင်ပေးပို့ခြင်းဖြစ်ပါက လက်ခံဖြတ်ပိုင်းတွင် ဦးစီးဌာနက တံဆိပ်ရိုက်နှိပ်ဖော်ပြသည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်သည်။ စာတိုက်မှပေးပို့တင်သွင်းခြင်းဖြစ်ပါက ပေးပို့သည့် စာတိုက်တံဆိပ်ပါ ရက်စွဲတွင် တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်သည်။ အီလက်ထရွန်နစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဦးစီးဌာနက အီလက်ထရွန်နစ်နည်းဖြင့် လက်ခံရရှိသည့် နေ့တွင် တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်သည်။

ကြေညာလွှာဖြည့်စွက်ရာတွင် ပြည် တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည့် သက်ဆိုင်ရာပုံစံများကို အသုံးပြုရမည်ဖြစ်ပြီး www.ird.gov.mm တွင်လည်းကောင်း၊ သက်ဆိုင်ရာအခွန်ရုံးများထံတွင် လည်းကောင်းရယူနိုင်သည်။ အခွန်ထမ်းသည် အခွန်ကြေညာလွှာများ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်ဖြစ်သဖြင့် သတ်မှတ်ကြေညာလွှာပုံစံများကို ပြည့်စုုံစွာ ဖြည့်စွက်ရန်လိုအပ်ကြောင်း၊ ကြေညာလွှာပုံစံတွင် အခွန်ထမ်းကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းရမည်ဖြစ်သည်။ အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ်တစ်ပိုင်းကို အခကြေးငွေရယူ၍ ပြင်ဆင်ပေးခြင်းဖြစ်ပါက ပြင်ဆင်ပေးသည့်ပုဂ္ဂိုလ်ကလည်း ကြေညာလွှာတွင် ပူးတွဲလက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း သိရသည်။

တင်သွင်းရမည့်နောက်ဆုံးရက်မှာ ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်ဖြစ်သည်။ အခွန်ကြေညာလွှာများ အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက ပေးဆောင်ရမည့်အခွန်ပမာဏ၏ ငါးရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့်အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏တစ်ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သတ်မှတ်ထားသည်။

အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ကြေညာလွှာကို အချိန်မီတင်သွင်းရန် အခက်အခဲရှိပါက အခွန်ကြေညာလွှာတင်သွင်းရမည့်သတ်မှတ်ရက်ကို တိုးမြှင့်ရန် သက်ဆိုင်ရာအခွန်ရုံးသို့ ကြိုတင်လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၁၈၁၉ ဘီလျံကျော်ရှိပြီး စုစုပေါင်းအခွန်ရရှိမှု၏ ၄၆ ရာခိုင်နှုန်းနီးပါးကို ဝင်ငွေခွန်မှ ကောက်ခံံရရှိခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

အဆိုပါကာလအတွင်း ဝင်ငွေခွန်မှ ကျပ် ၈၃၁ ဒသမ ၈၇၄ ဘီလျံကျော်၊ အထူး ကုန်စည်ခွန်မှ ၃၃၄ ဒသမ ၂၃၇ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်၆၀၈ ဒသမ ၃၁၆ ဘီလျံကျော်စသည်ဖြင့် ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်အောက်တိုဘာမှ  ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ဝင်ငွေခွန်မှ ကျပ်ဘီလျံ ၁၄၂၄ ဒသမ ၆၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်ဘီလျံ ၉၉၈ ဒသမ ၁၊ အထူးကုန်စည်ခွန်မှ ကျပ်ဘီလျံ ၅၇၄ ဒသမ ၉၊ တံဆိပ်ခေါင်းခွန်မှ ကျပ်ဘီလျံ ၅၃ ဒသမ ၁ စသည်ဖြင့် စုစုပေါင်း ကျပ်ဘီလျံ ၃၀၆၉ ကောက်ခံရရှိခြင်းဖြစ်သည်။

Most Read

Most Recent