‘The Little Mermaid’ ဇာတ်ကားတွင် လူသရုပ်ဆောင်ထက် အသံသရုပ်ဆောင်ကို ပိုကြော်ငြာပေးမှုအတွက် Disney Korea ကို ဝေဖန်နေကြ

‘The Little Mermaid’ ဇာတ်ကားတွင် လူသရုပ်ဆောင်ထက် အသံသရုပ်ဆောင်ကို ပိုကြော်ငြာပေးမှုအတွက် Disney Korea ကို ဝေဖန်နေကြ
Photo - Kpopping
Photo - Kpopping
Published 25 May 2023

“The Little Mermaid” ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယားတွင် ပရိုမိုးရှင်းပြုလုပ်ခဲ့ရာ ဇာတ်ကားထဲမှ လူသရုပ်ဆောင် ဟယ်လီဘေလီထက် အသံသရုပ်ဆောင်ထားသည့် NewJeans အဖွဲ့ဝင် ဒန်နီယယ်က ပိုနေရာရနေသဖြင့် ပရိသတ်၏ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကိုရီးယားဘာသာစကား အသံထည့်ထားသည့် ဒစ္စနေ၏ “The Little Mermaid” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီး ရေသူမလေး အေရီယယ်နေရာမှ ဒန်နီယယ်က အသံသရုပ်ဆောင်ထားပြီး ဒစ္စနေကိုရီးယားကုမ္ပဏီက ရုပ်ရှင်ရုံများ၊ SBS ကဲ့သို့အထင် ကရရုပ်သံချန်နယ်များတွင် ဇာတ်ကားပရိုမိုးရှင်းများ ပြုလုပ်ခဲ့သည်။

သို့သော် ဟယ်လီဘေလီထက် အသံသရုပ်ဆောင် ဒန်နီယယ်ကိုသာ ပိုစတာများ၊ ဆိုင်းဘုတ်များတွင် မြင်နေရသည်ဟုဆိုကာ ကိုရီးယားပရိသတ်က သဘောမကျဖြစ်လာကြသည်။ “The Little Mermaid” ဇာတ်ကားက ကလေးပရိသတ်များကိုသာ အဓိကရည်ရွယ်သည့်အတွက် ကလေးများ၏စိတ်တွင် ဒန်နီယယ်ကို တစ်ကယ့်အေရီယယ်အဖြစ် အထင်မှားသွားမည်ကို လူကြီးများကစိုးရိမ်နေကြသည်။

ကိုရီးယားပရိသတ်များက “တစ်ကယ့် သရုပ်ဆောင်ထက် ဘာလို့အသံသရုပ်ဆောင်ရဲ့မျက်နှာကို သူတို့ကပြနေပါလိမ့်၊ အန်နီမေး ရှင်းကားမို့လား” ၊ “အမြည်းပြတာလည်း ဘာမှမထူးဘူး။ ဟယ်လီဘေလီကို တိုက်ရိုက်မြင်ရတဲ့ ရိုက်ချက်တစ်ခုတောင် မတွေ့ရဘူး”၊ “ဒီလိုဆို ကလေးတွေက ဒန်နီယယ်ကို ခေါင်းဆောင်မင်းသမီးအမှတ်နဲ့ ရုံသွားကြည့်သလို ဖြစ်နေတော့မှာ” ဆိုသည့် ဝေဖန်သံများ ထွက်နေကြသည်။ ကိုရီးယားတွင် ယင်းဇာတ်ကားကို မေ ၂၄ ရက်၌ စပြနေပြီဖြစ်သည်။

 “The Little Mermaid” ဇာတ်မြူးရုပ်ရှင်သည် ရေသူမလေး အေရီယယ်နှင့် ၎င်းကယ်တင်လိုက်သည့် လူသားကမ္ဘာမှ တော်ဝင်မင်းသားအဲရစ်တို့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားသည်။ ခေါင်းဆောင်မင်းသမီးကိုယ်တိုင်လည်း လူမည်းဖြစ်နေသည့်အတွက် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ဒါရိုက်တာရော့ဘ်မာရှယ်ကမူ လူဖြူမင်းသမီးကို မရွေးခဲ့ခြင်းက အဓိကပြဿနာ မဟုတ်ဘဲ သဘောထားသေးသိမ်သူများကသာ ပုံကြီးချဲ့နေကြခြင်းဖြစ်သည်ဟု အင်တာဗျူးတစ်ခုတွင် ပြောသွားသည်။

Most Read

Most Recent