စစ်တွေမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ခရီးစဉ်အားလုံးတွင် အခမဲ့သယ်ယူပို့ဆောင်ပေးမည်

စစ်တွေမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ခရီးစဉ်အားလုံးတွင် အခမဲ့သယ်ယူပို့ဆောင်ပေးမည်
Published 19 May 2023

စစ်တွေမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ခရီးစဉ်အားလုံးတွင် အခမဲ့သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများအား စစ်တွေမြို့သို့ ပို့ဆောင်လိုပါက [email protected], [email protected], [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လှူဒါန်းမည့် ပစ္စည်းမှန်ကန်ကြောင်း အာမခံစာပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်းနှင့် မသက်ဆိုင်သည့် အခွန်အခများရှိပါက ပစ္စည်းပို့ဆောင်မည့်သူမှ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application အား အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏ အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA Application တွင် Search flights, Book flight, Make payment, Check flight Status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၁ ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာ လေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁၇ ခုက နိုင်ငံတကာလေကြောင်းခရီးစဉ် ၂၁ခုကို ပျံသန်းနေတာဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့်နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းနေရာမှ ဧပြီ ၂၃ ရက်မှစတင်ကာ တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ် ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်ကို ၃၈၀ ဒေါ်လာ၊ ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို ၈၉ ဒေါ်လာနှင့် ရန်ကုန်-ချင်းမိုင် ခရီး စဉ်ကို ၁၆၀ ဒေါ်လာမှ စတင်ရောင်း ချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application ဖြင့် ခရီးစဉ် အချက်အလက်များ ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မတ် ၂၆ ရက်က Singapore Airlines သည် Boeing 737-8 အမျိုးအစားလေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ်အား ဆိုက်ရောက်ခရီးသည် ၁၀၆ ဦး၊ ထွက်ခွာခရီးသည် ၁၅၀ ဦးဖြင့် စတင်ပျံသန်းခဲ့ရာ စင်ကာပူ လေကြောင်းလိုင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ ခရီးသည်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကြိုဆိုခဲ့ကြသည်။

အဆိုပါ Boeing 737-8 လေယာဉ် အမျိုးအစားအသစ်သည် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်များ၏ တစ်စိတ်တစ်ဒေသဖြစ်လာပြီဖြစ်ပြီး၊ လေယာဉ်အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုများဖြင့် ပိုမိုကောင်းမွန်၍ ဘေးကင်းလုံခြုံသောလေကြောင်း ခရီးသွားအတွေ့အကြုံအား ခရီးသည်များထံ ပေးအပ်နိုင်မည်ဟု သိရသည်။

Most Read

Most Recent