မင်းသမီး မိုနီကာဘယ်လူချီက Beetlejuice 2 ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
အသက် ၅၈ နှစ်အရွယ် မိုနီကာသည် ၎င်း၏ချစ်သူ တင်မ်ဘာတွန် ပြန်လည်ရိုက်ကူးမည့် ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့သော သဘာဝလွန် ဟာသရုပ်ရှင်၏ နောက်ဆက်တွဲဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ရန် ပူးပေါင်းလာသည့် နောက်ဆုံးသရုပ်ဆောင်ဖြစ်သည်။
ယင်းရုပ်ရှင်ထုတ်လုပ်မှုကို ရုပ်ရှင်ထွက်ရှိလာမည့် ၂၀၂၄ ခုနှစ် စက်တင်ဘာမတိုင်မီ ဗြိတိန်တွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။
ဇာတ်ညွှန်းအသေးစိတ်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသော်လည်း မိုနီကာသည် ယင်းရုပ်ရှင်တွင် Beetlejuice ၏ ဇနီးနေရာမှ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။
ယင်းရုပ်ရှင်အသစ်တွင် မိုက်ကယ်ကီတန်နှင့် ဝင်နိုနာရိုက်ဒါစသည့် လူဟောင်းများ ပြန်လည်ပါဝင်လာမှုနှင့်အတူ သရုပ်ဆောင်အသစ်များလည်း ပါဝင်မည်ဖြစ်သည်။
Wednesday သရုပ်ဆောင်ဂျန်နာအော် တီဂါက ယင်းရုပ်ရှင်တွင် လင်ဒီယာ၏ သမီးဖြစ်သူ ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဟု သိရသည်။