LE SSERAFIM အဖွဲ့၏ သီချင်းဗီဒီယို BLACKPINK အဖွဲ့ကို ကူးချထားသည်ဟု စွပ်စွဲခံရ

LE SSERAFIM အဖွဲ့၏ သီချင်းဗီဒီယို BLACKPINK အဖွဲ့ကို ကူးချထားသည်ဟု စွပ်စွဲခံရ
Photo - KBIZoom
Photo - KBIZoom
Published 6 May 2023

LE SSERAFIM မိန်းကလေးအဆိုတော်အဖွဲ့သည် လတ်တလောသီချင်းဗီဒီယိုသစ်ထွက်ထားပြီး BLACKPINK အဖွဲ့၏ ကကွက်များကို ကူးချထားသည်ဆိုသည့် ဝေဖန်ပြောဆိုမှုများ ခံနေရသည်။

မေ ၁ ရက်တွင် LE SSERAFIM အဖွဲ့က “UNFORGIVEN” အမည်ဖြင့်ပထမဆုံး တေးအယ်လ်ဘမ်ထွက်လာပြီး အလားတူနာမည်ဖြင့် သီချင်း MV လည်းထွက်လာခဲ့သည်။ သို့သော် TikTok တွင် “UNFORGIVEN” သီချင်းနှင့် BLACKPINK အဖွဲ့၏သီချင်းအချို့မှ တင်ဆက်ပုံများတူနေသည်ကို ယှဉ်ပြထားသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည်။

LE SSERAFIM အဖွဲ့က လက်ချင်း တွဲမြှောက်ကခဲ့သည့် ကကွက်သည် How You Like That သီချင်းထဲမှ BLACKPINK ကကွက်နှင့်တူနေသည်။ အဖွဲ့ဝင် ဆာကူရာ ဓားထုတ်ပြခဲ့သည့် ကကွက်သည် DDU-DU-DDU-DU သီချင်းထဲမှ လီဆာကကွက်နှင့် ဆင်နေသည်။ သို့သော် အချို့ပရိသတ်များကလည်း ထိုကကွက်များက သူလိုကိုယ်လို သုံးနေကြပြီး အသစ်အဆန်းလုပ် ပြောနေစရာ မလိုဟုဆိုကာ LE SSERAFIM ဘက်မှ ကာကွယ်ပေးနေကြသည်။

Most Read

Most Recent