တရုတ်နိုင်ငံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Xiamen Airlines လေကြောင်းလိုင်း၏ ရှာ့မန်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်း

တရုတ်နိုင်ငံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Xiamen Airlines လေကြောင်းလိုင်း၏ ရှာ့မန်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်း
Published 28 April 2023

တရုတ်နိုင်ငံလေကြောင်းလိုင်းတစ်ခု ဖြစ်သည့် Xiamen Airlines လေကြောင်း လိုင်း၏ ရှာ့မန်-ရန်ကုန်တိုက်ရိုက် လေကြောင်း ခရီးစဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။

 Xiamen Airlines လေကြောင်းလိုင်း၏ ရှာ့မန်-ရန်ကုန်တိုက်ရိုက် လေကြောင်း ခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို ဧပြီ ၂၆ရက်ကစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၆ရက်ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှာ့မန်မြိုကမှ ခရီးသည် ၁၅၂ ဦးဖြင့် ပျံသန်း ဆိုက်ရောက်လာသော Xiamen Airlines ၏ လေယာဉ်အမှတ် MF8669/70 အား ရန်ကုန်လေဆိပ်မှ ကြိုဆိုခဲ့ပြီး ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Xiamen Airlines မှ ရန်ကုန်မြို့နှင့် ရှာ့မန်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် သုံးကြိမ် တိုက်ရိုက်ပျံသန်းသွားမည်ဖြစ် ကြောင်း သိရသည်။

Singapore Airlines က လေယာဉ် အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုအဖြစ် Boeing 737-8 အမျိုးအစားလေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ် မတ် ၂၆ ရက်က Singapore Airlines သည် Boeing 737-8 အမျိုးအစားလေယာဉ်အသစ်အား အသုံးပြု ၍ စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ်အား ဆိုက်ရောက်ခရီးသည် ၁၀၆ ဦး၊ ထွက်ခွာခရီး သည် ၁၅၀ ဦးဖြင့် စတင်ပျံသန်းခဲ့ရာ စင်ကာပူလေကြောင်းလိုင်းနှင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တို့မှ ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကြိုဆိုခဲ့ကြသည်။

အဆိုပါ Boeing 737-8 လေယာဉ် အမျိုးအစားအသစ်သည် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်များ၏ တစ်စိတ်တစ်ဒေသဖြစ်လာပြီဖြစ်ပြီး၊ လေယာဉ်အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုများဖြင့် ပိုမိုကောင်းမွန်၍ ဘေးကင်းလုံခြုံသော လေကြောင်းခရီးသွားအတွေ့အကြုံအား ခရီးသည်များထံ ပေးအပ်နိုင်မည်ဟု သိရသည်။

စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ် အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဆိုက်ရောက် ဒေသစံတော်ချိန် ၀၉-၂၀ မိနစ်၊ ထွက်ခွာဒေသစံတော်ချိန် ၁၀-၂၀ မိနစ်ဖြင့် နေ့စဉ်ပျံသန်းသွားမည်ဟု သိရသည်။

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက  ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းနေရာမှ ဧပြီ ၂၃ ရက်မှစတင်ကာ တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ်ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်ကို ၃၈၀ ဒေါ်လာ၊ ရန်ကုန်-ဘန်ကောက်ခရီး စဉ်ကို ၈၉ ဒေါ်လာနှင့် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ၁၆၀ ဒေါ်လာမှ စတင်ရောင်း ချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application ဖြင့် ခရီးစဉ် အချက်အလက်များ ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များ အနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် find booking နေရာတွင် မိမိ last name နှင့် လက်မှတ်၏ အပေါ်ညာဖက်ထောင့် အက္ခရာ ၆လုံးပါရှိသော booking reference သို့မဟုတ် အမှတ် စဉ် ၆၆ ဖြင့်စတင်သော ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား တစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်းလျှော့စျေးရယူနိုင်မည်ဖြစ် ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြား ပြည်တွင်းခရီးစဉ်များတွင် Online Check-in Service ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ Online Check-in Service သည် ပြည်တွင်းခရီးစဉ်များတွင်သာ ရရှိနိုင်မည်ဖြစ်ပြီး လေယာဉ်ထွက်ခွာချိန် မတိုင်ခင် ၂၄နာရီမှ ၇၅ မိနစ်အတွင်း မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်မည်ဖြစ်ပြီး print ထုတ်ထားသော E-boarding Pass အား ဂိတ်တွင် ပြသပြီး ခရီးစဉ်တွင် လိုက်ပါနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန်ခရီးစဉ်အား ၇၄ ဒေါ်လာမှစတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်းချနေသည်။

၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။

Most Read

Most Recent