ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိ

ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိ
Published 10 March 2023

ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်း ရောင်း ဝယ်နိုင်ရန် ရွှေညောင်-တောင်ကြီးရထား လမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းတွင် ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာ ရထားလမ်း တံတားပုံစံအား ထည့်သွင်းတည် ဆောက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

စီမံကိန်းရှင်းလင်းဆောင်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြေဖို့ခြင်း၊ မြေဖြတ်ခြင်းနှင့် တာပေါင်ဆင်ခြေလျှောဖြေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းပိုင်းအလိုက်လုပ်ငန်းဆောင်ရွက်တိုးတက်မှု၊ သံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ခရီးသွားများက ဆွဲဆောင်နိုင်မည့် ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာ ရထားလမ်းတံတားပုံစံအတိုင်း တည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရထားလမ်းသယ်ယူပို့ဆောင်ရေးသည် ဒေသအတွက်များစွာ အကျိုးရှိစေမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယခု ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို သာမန်ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရန်၊ ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ကြောင်း၊ နောက်ပိုင်းတွင် ပအိုဝ်းဒေသအထိ တိုးချဲ့ပြေးဆွဲနိုင်ရေး ရည်ရွယ်ကြောင်း၊ သံလမ်းခင်းရာ၌ လမ်းခင်းကျောက် ထည့်သွင်းမှု၊ တံတားများ ထည့်သွင်း တည်ဆောက်မှုတို့ကို သတ် မှတ်အရည်အသွေးနှုန်းထားများအတိုင်း ပြည့်မီစွာ ခင်းကျင်းရန်လိုကြောင်း၊ လုပ်ငန်းလျင်မြန်စွာ ပြီးစီးစေရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အရည်အသွေး ပြည့်မီမှုမရှိခြင်းများ မဖြစ်စေလိုကြောင်း၊ ဘဝသံသရာ ရထားလမ်းအတိုင်း စနစ်တကျတည်ဆောက်ရန်လိုကြောင်း၊ ကားလမ်းများအနီးတွင်ရှိသည့် ရထားသံလမ်းပိုင်းနေရာများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အကာအရံ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မြေထိန်းနံရံများ၊ ရေကာနံရံများနှင့် ရေထုတ်ပြွန်များ၊ ရေထုတ်မြောင်းများကိုလည်း စနစ်တကျ ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-ပုဂံ အမြန်ရထားခရီးစဉ်အား ရိုးရိုးတန်း ကျပ် ၇၂၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၄၄၀၀၊ အထက်တန်းအိပ်စင် ကျပ် ၁၉၈၀၀ ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

အမှတ် ၆၁ အဆန် အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄နာရီ ၁၅မိနစ်တွင် ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တစ်နေ့ မွန်းတည့် ၁၂နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ် ၆၂ အစုန် အမြန်ရထားသည် ပုဂံဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဘူတာသို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ကြေညာထားသည်။

ရန်ကုန်-ပုဂံအမြန်ရထားသည်လမ်းခရီးတွင် ဘူတာ ၂၃ ဘူတာ ရပ်နားပေးပြီး နတ်မောက်မြို့နယ်တွင် နတ်မောက်၊ လေးအိမ်၊ သားမျှားနှင့် ပင်းချောင်းဘူတာတို့တွင် ရပ်နားကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် တာမွေဘူတာအသစ်တည်ဆောက်ခြင်းလုပ်ငန်း (လုပ်ငန်းဆက်) လုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent