၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလျံကျော်ရှိပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလျံကျော်ရှိပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိ
ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ်
Published 3 March 2023

ဇန်နဝါရီလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင်  မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလျံကျော်ရှိပြီး စုစု ပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၁ ဘီလျံ ကျော် (၁၈၈၁၄၅၉ ဒသမ ၅၀ သန်း)၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၁ ခုမှ ရင်းနှီးမြှုပ် နှံမှုကျပ် ၁၁၇၁ ဘီလျံကျော် (၁၁၇၁၈၀၃ ဒသမ ၈၁ သန်းကျော်) ခွင့်ပြုခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍသည် စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံ မှု ပမာဏ၏ ၈၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဟို တယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍမှ ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း သိ ရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှု ကဏ္ဍတွင် ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်း ဖြင့် အများဆုံးနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ၌ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယ အများဆုံးခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၁၇ ခုနှင့် အတည်ပြုလုပ်ငန်း ၄၄ ခု၊ စုစုပေါင်း လုပ်ငန်း ၆၁ ခုကို ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၁၁၇၁၈၀၃ ဒသမ ၈၀၉ သန်း ခွင့်ပြုခဲ့ သည်။ အဆိုပါလုပ်ငန်းများအနက်  မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ် ငန်း ၁၇ ခု၊ အတည်ပြုလုပ်ငန်းရှစ်ခုတို့ကို ခွင့်ပြုခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီများက အတည်ပြုလုပ်ငန်း စုစုပေါင်း ၃၆ ခုကို ခွင့်ပြုပေးခဲ့သည်။ အဆို ပါ လုပ်ငန်းများက ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် ၁၃၆၇၀ ဦးကို ဖန် တီးပေးနိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံး ခွင့်ပြုပေးခဲ့ ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြား ဝန် ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယ အများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အ အုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍ တွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယ အများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော် ဖြင့်  တတိယအများဆုံးဖြစ်ကြောင်း သိရ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်း  အဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး / ပြည် နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု လုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့ သည်။

 

Most Read

Most Recent