ယူးအာအင်းက Propofol အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိ

ယူးအာအင်းက Propofol အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိ
Photo: Soompi
Photo: Soompi
Published 24 February 2023

တောင်ကိုရီးယားမင်းသား ယူးအာအင်းသည် ဆေးခြောက်အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုအချိန်တွင် Propofol အသုံးပြုကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

အမျိုးသားမှုခင်းဆေးဘက်အဖွဲ့က မကြာသေးမီအချိန်က ယူးအာအင်း၏ဆံပင် စစ်ဆေးမှုရလဒ်များကို ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ အေဂျင်စီ၏ မူးယစ်စုံစမ်းစစ်ဆေးရေးယူ နစ်သို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော် ၀ါ ရီ ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာအရ ဖေဖော်ဝါရီ ၅ ရက်က ရယူထားသည့် ဆံပင်နမူနာအရ ယူးအာအင်းသည် Propofol အသုံးပြုကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယခုလအစောပိုင်းက ယူးအာအင်းသည် Propofol ကို တရားမဝင်အသုံးပြုနေသည်ဟု သံသယဖြင့် ရဲတပ်ဖွဲ့က စတင်စုံစမ်းစစ် ဆေးခဲ့သည်။ ၂၀၂၁ ခုနှစ်ကတည်းက ယူးအာအင်းကို တရားမဝင် Propofol ထိုးနှံပေးသည်ဟု ယူဆရသည့် ဆရာဝန်၏ ရုံးခန်း များနှင့် ဆေးခန်းများကိုလည်း မကြာသေးမီက ဝင်ရောက်ရှာဖွေခဲ့သည်။

Propofol သည် လွယ်ကူစွာ အိပ်ပျော်သွားစေခြင်းဖြစ်ပြီး ခွဲစိတ်ခန်းများတွင် အသုံးပြုလေ့ရှိသည်။ ယင်းသည် တောင်ကိုရီးယား တွင် ခွဲစိတ်ခန်းပြင်ပ၌ အသုံးပြုခွင့်မရှိသောကြောင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေကို ချိုးဖောက်မှုဖြင့် စစ်ဆေးခံနေရခြင်း ဖြစ်သည်။

Most Read

Most Recent