မြန်မာအမျိုးသားလေကြောင်းလိုင်း၏ မန္တလေး-ချင်းမိုင်နှင့် ချင်းမိုင်-ရန်ကုန်ခရီးစဉ်(သို့မဟုတ်) ရန်ကုန်-ချင်းမိုင်နှင့် ချင်းမိုင်- မန္တလေးခရီးစဉ်ကို လက်မှတ်တစ်စောင်တည်းတွင် ဝယ်ယူနိုင်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ မန္တလေး-ချင်းမိုင်နှင့် ချင်းမိုင်-ရန်ကုန်ခရီးစဉ်(သို့မဟုတ်) ရန်ကုန်-ချင်းမိုင်နှင့် ချင်းမိုင်- မန္တလေးခရီးစဉ်ကို လက်မှတ်တစ်စောင်တည်းတွင် ဝယ်ယူနိုင်
Published 22 February 2023

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ မန္တလေး-ချင်းမိုင်နှင့် ချင်းမိုင်-ရန်ကုန်ခရီး စဉ်(သို့) ရန်ကုန်-ချင်းမိုင်နှင့် ချင်းမိုင်-မန္တ လေးခရီးစဉ်ကို လက်မှတ်တစ်စောင်တည်းတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂၃၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်အပြင် မန္တလေး-ချင်းမိုင် ခရီးစဉ်ကိုပါ ပျံသန်းမှာဖြစ်လို့ လက်မှတ်တစ်စောင်ထဲမှာ မန္တလေး-ချင်းမိုင်နဲ့ ချင်းမိုင်-ရန်ကုန်ခရီးစဉ် ဒါမှမဟုတ် ရန်ကုန်-ချင်းမိုင်နဲ့ ချင်းမိုင်-မန္တလေးခရီးစဉ်ကို ဝယ်ယူနိုင်အောင်စီစဉ် ပေးထားတာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်ပခရီးစဉ်များအတွက် လေယာဉ် မထွက်မီ ၃ နာရီအလိုတွင် Check-in Counter အား ဖွင့်လှစ်ပြီး ၄၅ မိနစ်အလိုတွင် ကောင်တာပိတ်ကြောင်း ခရီးသည်များအား သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက မန္တလေး-ချင်းမိုင် ခရီးစဉ်ကို ၂၀၂၃ခုနှစ် မတ် ၂ ရက်မှစတင်ကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း တိုက်ရိုက်ပျံသန်းမည်ဖြစ် ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် မန္တလေး-ချင်းမိုင်ခရီးစဉ်အား အသွားတစ်ကြောင်းစာလျှင် ၁၇၂ ဒေါ်လာမှစတင်၍လည်းကောင်း၊ အသွား-အပြန် ခရီးစဉ်တစ်ကြောင်းစာအား၂၈၀ ဒေါ်လာ မှစတင်၍လည်းကောင်း ပျံသန်းသွားမည် ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ MNA အနေနဲ့ ပြည်တွင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို ဘိုးရင်းနဲ့ ATR လေယာဉ်တွေနဲ့ Charter Flight တွေပျံသန်းနေတာဖြစ်ပါတယ်။ ခရီးစဉ်ကိုလည်း စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ခရီးစဉ်အတိုင်း ငှားရမ်းပျံသန်းနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။     

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်သို့ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ပြန်လည်ပျံသန်းခဲ့ရာ မြန်မာနိုင်ငံသားများစီးနင်းမှုပိုမိုခဲ့ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ ATR 72-600 လေယာဉ်မှ Boeing လေယာဉ်များဖြင့် ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်ကြောင်းစာကို Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချပေးနေသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန် ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန် ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂယာ- ရန်ကုန် ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

Most Read

Most Recent