မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၇၉၀၀၀၀ စျေးနှုန်းဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်အားလုံး တစ်ပြေးညီရောင်းချပေးကြရန် ရန်ကုန်ရွှေအသင်းက ပန်ကြားချက်ထုတ်ပြန်

မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၇၉၀၀၀၀ စျေးနှုန်းဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်အားလုံး တစ်ပြေးညီရောင်းချပေးကြရန် ရန်ကုန်ရွှေအသင်းက ပန်ကြားချက်ထုတ်ပြန်
Published 22 February 2023

မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၇၉၀၀၀၀ စျေးနှုန်းဖြင့် ရွှေဆိုင်များနှင့် ရွှေကုန်သည်များအားလုံး တစ်ပြေးညီ ရောင်းချပေးကြရန် ရန်ကုန်ရွှေအသင်းက ပန်ကြားချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ယင်းသို့ ပန်ကြားချက်ထုတ်ပြန်ရခြင်း မှာ ရွှေနှင့် ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ရက်တွင် ရန်ကုန်ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၁၆၆၅၀၀ ဝန်းကျင်ဖြင့် သတ်မှတ်ခဲ့ပြီး ပြင်ပစျေးကွက်တွင် ရွှေတစ်ကျပ်သား ကျပ် ၂၈၆၀၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြင်ပစျေးကွက်တွင် ရွှေတစ်ကျပ်သား ကျပ် ၂၈၆၂၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း  သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁၆ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင်ကျပ် ၂၇၈၅၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆သိန်း သို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော် အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ကျပ် ၃၆၇၀၀၀၀ ထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ် လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန်  ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

Most Read

Most Recent